ဦးဆန်းဆင့်အားချီးမြှင့်ထားသော သရေစည်သူဘွဲ့ ပြန်လည်ရုပ်သိမ်းဟု သတင်းထွက်ပေါ်


ထောင်ဒဏ် ၁၃နှစ် ချ မှတ်ခံထားရသည့် သာသနာရေး ၀န်ကြီးဟောင်းဦးဆန်းဆင့်အား ချီးမြှင့်ထားသည့် သရေစည်သူဘွဲ့ ကို မြန်မာအစိုးရက ပြန်လည် ရုပ်သိမ်းကြောင်း နေပြည်တော်ရှိ ၀န်ကြီးဌာနအသိုင်းအ ၀ိုင်းမှသ တင်းရရှိသည်။

ဦးဆန်းဆင့်၏ သရေစည်သူ ဘွဲ့ ရုပ်သိမ်းသည့်အကြောင်း ကြားစာကို နိုင်ငံတော်သမ္မတရုံးက နေပြည်
တော်အစိုးရ ၀န်ကြီး ဌာနများထံ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အကြောင်းကြားခဲ့ ခြင်းဖြစ်ကြောင်း အ မည်မဖော်လို သည့် နေပြည်တော်အစိုးရ၀န် ထမ်းများကပြောသည်။

တပ်မတော်အရာရှိဟောင်း နှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်အား မြန် မာအစိုးရကပြီးခဲ့ သည့် ဇွန်လအတွင်းက ထိန်းသိမ်း ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဦးဆန်းဆင့်ကို ရာထူးမှ ဖယ်ရှားခဲ့ပြီး တရားစွဲဆို မှုများလည်း ပြုလုပ်ခဲ့သည်။ ဦး ဆန်းဆင့်၏ အမှုကို အပြန်အလှန် စစ်ဆေးပြီးနောက် နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးက နိုင်ငံ တော်အကြည် ညိုပျက်စေမှု၊ယုံ ကြည်အပ်နှံဖောက်ဖျက်မှုတို့ဖြင့် ထောင်ဒဏ် ၁၃နှစ်နှင့် ငွေဒဏ် ကျပ်တစ်သိန်းပေးဆောင် ရန် ပြီးခဲ့ သည့်နှစ် အောက်တိုဘာက အမိန့်ချမှတ်ခဲ့သည်။

နေပြည်တော်ဝန်ကြီးဌာန တစ်ခုမှအမည်မဖော်လိုသူအ ဆင့်မြင့်အရာရှိတစ်ဦးက နိုင်ငံတော် သမ္မတရုံးအ မိန့်စာ ၁၅/၂၀၁၅ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

‘‘ဥပဒေအရပါပဲ။ နယ်ဘက် တရားရုံးမှာအပြစ်ဒဏ်ကျခံရဖို့ ရုပ်သိမ်းတဲ့သဘောပါ’’ဟု အ ထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ယင်းကဲ့သို့ နယ်ဘက်တရား ရုံးတွင် ပြစ်ဒဏ်ကျခံရခြင်းနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအ ရ နိုင်ငံတော် သမ္မတတွင်ရှိသည့် ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များပြန်လည်ရုပ်သိမ်းခွင့်လုပ်ပိုင် ခွင့်အရ ဦးဆန်းဆင့်၏ ဘွဲ့ကိုပြန် လည်ရုပ်သိမ်းခြင်းဖြစ်ကြောင်း သမ္မတရုံး၏ အကြောင်းကြားစာ ကို ကိုးကားပြီးနေပြည်တော်ရှိ အစိုးရ၀န်ထမ်းတစ်ဦးက ပြောသည်။

ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် သရေစည်သူဘွဲ့သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သည့် နိုင်ငံ
တော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင်ပြဋ္ဌာန်းခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များ အနက် တစ်ခုဖြစ်သည်။

သရေစည်သူဘွဲ့သည် ပုဂ္ဂိုလ်အမည်ဖြင့်တွဲပြီး အသုံးပြု နိုင်သည့် ဂုဏ်ထူးဆောင်ဘွဲ့ ၁၆ မျိုးအနက်မှ တစ် မျိုးဖြစ်ပြီး တပ်မ တော်အစိုးရသတ်မှတ်ချက်အရ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ စာရင်းတွင်ပါဝင် သည်။

သရေစည်သူဘွဲ့ ရရှိသူ သည် ၁၄ပဲရည် ရွှေ ၆ကျပ်သား အပါအ၀င်အခြားသတ်မှတ်ထား သည့်အဆောင် အယောင်များရရှိ ကြောင်း ၂၀၀၈စာပေဗိမာန်စာမူ ဆုရစာရေးဆရာသန်းထွန်း(မော် လမြိုင်)၏ မြန်မာနိုင် ငံဂုဏ်ထူး ဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံ ဆိပ်များသမိုင်းစာအုပ်တွင်ရေး သားထားသည်။

သရေစည်သူဘွဲ့ရုပ်သိမ်း ခြင်းနှင့် ပတ်သက်ပြီး ဦးဆန်းဆင့် ၏ မိသားစုများဘက်မှ တစ်စုံတစ် ရာထုတ်
ပြန်ပြောဆိုခြင်းမရှိသေး ပေ။ ဦးဆန်းဆင့်၏ ရှေ့နေဖြစ်သူ အား ဖုန်းဆက်မေးမြန်းသော်လည်း ပြန်လည်
ဖြေကြားခြင်းမရှိပေ။

တောင်ငူထောင်တွင်ထိန်း သိမ်းခံနေရသည့် ဦးဆန်းဆင့် သည် မြန်မာ့တပ်မတော်တွင် ဗိုလ် အဆင့်မှ ဒုတိယဗိုလ်ချုပ်ကြီးအ ဆင့်အထိ နှစ်ပေါင်း ၄၀ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ဘက်တွင်အရေးပါသည့် စစ်ရာထူး ခန့်ချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ် သည်။

၂၀၁၀ရွေးကောက်ပွဲ မစတင်မီတွင် အရပ်ဘက်သို့ပြောင်း ရွှေ့လာပြီး ရွေးကောက်ပွဲဝင်ခဲ့ သည့် ရာနှင့်ချီ
သော တပ်မတော်အရာရှိဟောင်းများအနက် တစ်ဦးဖြစ်သည်။

၂၀၁၀ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်မှ ၀င်ရောက်ခဲ့ပြီး ပြိုင်ဘက်မရှိ တင်မြှောက် ခံရသူဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးခံရပြီး ဧရာဝတီ တိုင်းဒေ သကြီးအစိုးရအရာရှိများ နှင့် မပြေမလည်ဖြစ်ခဲ့သည့် သ တင်းများထွက်ပေါ်အပြီး သာသ နာရေးဝန်ကြီး ဌာနသို့ ၀န်ကြီးအ ဖြစ်ပြောင်းရွှေ့ခံခဲ့ရသူဖြစ်သည်။


ထွန်းခိုင်၊ အောင်ခိုင် | 7day

မှတ်ချက်များ