တင်ပါးဆုံကြီးသူများ ဥာဏ်ရည်မြင့်တဲ့ ရင်သွေး မွေးဖွားနိုင်ခြေများ


တင်ပါးဆုံကြီးတဲ့ အမျိုးသမီးတွေက ဥာဏ်ရည်မြင့်မားတဲ့ ကလေး မွေးဖွားနိုင်ခြေ ပိုများတယ်လို့ သုတေ သီတွေက ပြောပါတယ်။ တင်ပါးဆုံနဲ့ ပေါင်နားတစ်ဝိုက်က အဆီပိုတွေမှာ ကလေးငယ်တွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို အထောက်အပံ့ ပေးနိုင်စွမ်းရှိတဲ့ DHA (docosahexaenoic acid) ပါဝင်ပြီးနို့တိုက်ကျွေးမှုက တစ်ဆင့် ရင်သွေးထံ ရောက်သွားမှာ ဖြစ်တယ်လို့ ပစ်ဘတ်တက္ကသိုလ် ပါမောက္ခ ဝီလ်လာဆက်က ပြော ပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်လောက်ကတည်းက တင်ပါးဆုံ ကြီးမားသူတွေဟာ ကျန်းမာရေး ကောင်းကြတယ်လို့ လေ့ လာတွေ့ရှိခဲ့ကြပြီးသားပါ။ သွယ်လျတဲ့ မော်ဒယ်ခန္ဓာကိုယ် အချိုးအစားတွေ ရေပန်းစားနေတဲ့ ဒီနေ့ခေတ်မှာ တင်ပါးဆုံ ကြီးသူတွေ ဥာဏ်ကောင်းတဲ့ ရင်သွေးမွေးနိုင်ခြေ ပိုများတယ်ဆိုတဲ့ တွေ့ရှိမှုက ခန္ဓာကိုယ် ဖွံ့ဖြိုး သူတွေအတွက် သတင်းကောင်း တစ်ရပ်ပါပဲ။

ရိုးရာလေး

မှတ်ချက်များ