နန်းခင်ဇေယျာနှင့် သုံးမိနစ်တာတွေ့ဆုံခိုက်


ချစ်လို့မိုက် သည်ဆိုတဲ့ ဇာတ်ကားမှာ နန်းခင်ဇေယျာ က ကောင်းပြည့်နဲ့ အတူ သရုပ်ဆောင်နေ တယ်လို့ သိရပါတယ်။ ဟာသကားတွေ၊ ဖန်စီဇာတ် ကားတွေသာ အရိုက်များတဲ့ နန်း ခင်ဇေယျာက အခုဇာတ်ကား ထဲ မှာတော့ တစ်ဦးတည်းသောသားနဲ့ ချစ်ခဲ့မိလို့ တစ်ဖက်က မိဘနဲ့ အပြိုင်အဆိုင်ဖြစ်ရတဲ့ ဇာတ်လမ်းမှာ သရုပ်ဆောင်ရတာကြောင့် နန်းခင်ဇေယျာအတွက် အနည်းငယ် ဟဲဗီးဖြစ်တဲ့ ဇာတ်ရုပ်လို့ သိရပါတယ်။

''ဒီဇာတ်ကားထဲမှာ ဒါရိုက်တာကလဲ သေချာလေးသင်ပေးပါတယ်။ တခြားကားတွေလို ပေါ့ပေါ့လေးတွေ
တော့ မဟုတ်တော့ ဘူး။ ပထမတော့ သူက ဟာသလေးတော့ပါတယ်။ နောက်ကျတော့ မှ ဇာတ်ရှိန်က တဖြည်းဖြည်းနဲ့ မြင့်သွားတာပေါ့'' လို့ နန်းခင်ဇေယျာ က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး Miss တစ်ဦးဖြစ်တာကြောင့် သူမရဲ့ခြေလှမ်းတွေကို ပရိသတ်တွေကစောင့် ကြည့်နေတာတော့ အမှန်ပါပဲ။ အောင်မြင်လာတာနဲ့အမျှ အကောင်းလည်းရှိသလို အဆိုးလည်းရှိ လာတာ ကတော့ လောက သဘာဝဖြစ်တာကြောင့် သူမ အနေနဲ့ နန်းခင်ဇေယျာဆိုတဲ့နာမည် တစ်ခု မပျက်အောင် ဘယ်လို ထိန်းသိမ်းနေဖြစ်လဲလို့မေးမြန်းဖြစ်တော့

''နန်းခင်က အေးအေး ဆေးဆေးနေတတ်တာလဲပါတယ်။ အပြိုင်အဆိုင်တွေလဲ နန်းခင်စိတ်မဝင် စားဘူး။ ကိုယ့်အလုပ်ကိုယ်ပဲ တစိုက်မတ်မတ် လုပ်တာများပါတယ်။ လူတစ်ယောက် နာမည်တစ်လုံး ထိန်းသိမ်းဖို့ဆို တာ အရမ်းခက်ခဲတယ်။ အရမ်းကြီးမလွတ်လပ်တဲ့ သူတစ်ယောက်လိုဖြစ်သွားတယ်။ကိုယ်ကတော့ နာမည်
ကောင်းတစ်လုံးရဖို့ဆိုတာကတော့ ထိန်းကိုထိန်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကောင်းတာတစ်ခုလုပ် လိုက်တာနဲ့ နာမည်ကချက် ချင်းထွက်သွားတယ်လေ။ နန်းခင်အတွက်ကတော့ ကောလာဟလဆိုတာ ကိုယ်မှန်ရင် မှန်သလိုနေတတ်တယ်။ သိပ်ဂရုမစိုက်တတ်ဘူး။ ကောလာဟလ တွေဆို လာပြောကြတယ်။ ကိုယ်တောင်မသိလိုက်ဘူး။ သြော် ဟုတ်လားဆိုပြီး တော့ပဲ ပြီးသွားတာတွေပဲရှိပါတယ်''လို့ ဆိုပါတယ်။

အချစ်ရေးက အေးဆေးပါပဲ လို့ဖြေခဲ့တဲ့ နန်းခင်ဇေယျာက ဒီနှစ်ချစ်သူများနေ့မှာတော့ ကားရိုက်ရင်းနဲ့ပဲ ဖြတ် သန်းဖြစ်မှာပါလို့ဆိုပါတယ်။

အဲဒီနေ့မှာတော့ ချစ်သူတွေကိုအားကျမိတယ်လို့ နန်းခင်ဇေယျာက ရင်ဖွင့်ပြန်ပါတယ်။

''အရမ်းအားကျမိပါတယ်။ အခုဆိုရင် ဖေ့စ် ဘုတ်ခ်ပေါ်မှာ အင်္ကျီဆင်တူ ဝတ်တာလေးတွေ၊ လက်ချင်းချိတ် ပြီး ရိုက်ထားတဲ့ပုံလေး တွေ တွေ့နေပြီ။ အဲလိုလေးတွေ့တော့ ပျော်ပါတယ်''လို့ နန်းခင်ဇေယျာက ဆိုပါ တယ်။

‪‎TheYangonTimes‬

မှတ်ချက်များ