အမေရိကန်လွှတ်တော်အမတ် ဘာတွေသိသွားသလဲ

အမေရိကန်ပြည်ထောင်စုကွန်ဂရက်မှာ ဒုတိယမြောက် အသက်အငယ်ဆုံး လွှတ်တော်အမတ် Aaron Schock ဟာ မြန်မာငြိမ်းချမ်းရေးစင်တာမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဇန်နဝါရီ ၁၈ရက်နေ့မှာ တွေ့ ခဲ့ပြီး မြန်မာတွေဟာ အလုပ်ကြိုးစားတဲ့သူတွေဆိုတာ သူပြန်ရောက်တဲ့အခါ ပြောပြမယ်လို့ ဆိုပါတယ်။ မြန် မာအကြောင်း အသက် ၃၃နှစ်ပဲရှိသေးတဲ့ လွှတ်တော်အမတ် ဘာတွေသိသလဲ။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ချင်တဲ့ အမေရိကန်လုပ်ငန်းရှင်တွေကို ပြောပြမှာကတော့ မြန်မာပြည်မှာ အိမ်ခြံမြေပစ္စည်း ပိုင်ဆိုင်ခွင့်၊ ဉာဏမူပိုင်ခွင့်၊ ဒီမိုကရေစီနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိတာတွေကို ပြော
ပြမှာဖြစ်ပြီး မြန်မာတွေ အလုပ်ကြိုးစားတဲ့သူတွေဖြစ်တဲ့အကြောင်း၊ တကယ်လက်တွေ့ မြန်မာပြည်အခြေ အနေဟာ စီးပွားရေးလာလုပ်မယ့်သူတွေအတွက် ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ပြော ဆိုခဲ့ပါတယ်။

သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်တဲ့အခါ မြန်မာပြည်မှာ သူတွေ့မြင်ခဲ့ရတာတွေကို ပြော
ပြပြီးမြန်မာပြည်လာပြီး ကိုယ်တိုင်လေ့လာဖို့၊ နှင်းခဲတွေလိုပဲ သေးရာကနေ ကြီးလာသလို စီးပွားရေးလုပ် ရာမှာလည်း တစ်ယောက်စ၊ နှစ်ယောက်စနဲ့ အများကြီးဖြစ်လာမှာပါလို့ ဆိုပါတယ်။

သူမြန်မာပြည်ကို လာရောက်တာဟာ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လုပ်ကိုင်နေလို့ ထောင်ချဖမ်းဆီး ခံခဲ့ရသူတွေနဲ့ လွတ်လပ်မှုအတွက် ကိုယ်စားပြုပြီး လာရောက်တာဖြစ်တဲ့အကြောင်း၊ အမေရိကန်နဲ့ မြန်မာ ကြားမှာ ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့နဲ့ ဒီမိုကရေစီစနစ်ကြောင့် ရွေးကောက်ပွဲတွေ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံခွင့်တွေ ရှိလာတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ရီပတ်ဗလီကန်ပါတီက လွှတ်တော်အမတ်အမတ်ရဲ့ ဒီခရီးစဉ်နောက်ပိုင်း နှစ်နိုင် ငံကြား ရင်းနှီးမှုပိုလာမှာဖြစ်ပြီး လာခြင်းကောင်းတဲ့အတွက် မကြာခင်မှာ နှစ်နိုင်ငံကြား လွှတ်တော်အမတ်
တွေအပြန်အလှန် ပေါင်းကူးဆက်ဆံသွားဖို့ရှိတယ်လို့ ဦးအောင်မင်းက ဆိုပါတယ်။



kamayutmedia

မှတ်ချက်များ