ကော်နီ ကိုကိုချစ်သီချင်းမဆိုဘဲ စင်ပေါ်က မဆင်းပါဘူး


ကိုကိုချစ်ရေ …. ကိုကိုချစ်ရေ … ဆိုတဲ့သီချင်း ဒီအသက်အရွယ်မှာ မဆိုချင်တော့ပေမယ့် ပရိသတ်က ဒီသီ ချင်းမှမဆိုရင် မဆင်းရဘူးလို့ အမိန့်တွေပေးနေလို့ အနှစ် ၃ဝစာအိပ်မက်ကို အားပါးတရမက်တော့ မယ့်
ကော်နီက လာမယ့် ၂၃ရက်နေ့မှာကျင်းပမယ့် ဖျော်ဖြေပွဲ ကိုကိုချစ်သီချင်း ဆိုဦးမှာပါ။ ကော်နီရဲ့ အနှစ် ၃ဝခရီး ဘယ်လိုဖြတ်သန်းကြမလဲ။

ပရိသတ်ကို ပေးထားတဲ့ကတိ မဖျက်ကြပါနဲ့၊ ကတိဖျက်ရင် ဘုရားရိုက်မယ်လို့ ဆိုလာတဲ့ အဆိုတော် ကော် နီက ပရိသတ်ဆိုတာ သူတို့ရဲ့ကိုယ်ပိုင်ငွေကို အနုပညာရှင်တွေကိုချစ်လို့ ပေးတာဖြစ်တာကြောင့် အနုပ ညာကို ခုတုံးလုပ်တာတွေ မဖြစ်စေချင်ဘူးလို့ ဒီကနေ့ လူငယ်တွေကို ပြောပါတယ်။ အောင်မြင်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့သာ ကြိုးစားရင် အောင်မြင်မှာဖြစ်ပြီး ပေါ်ပင်ဖြစ်ချင်တဲ့စိတ်နဲ့တော့ စင်ပေါ်တက်မလာစေ ချင်ဘူးလို့ ကမာရွတ်မီဒီယာကို သီးသန့်ပြောဆိုခဲ့ပါတယ်။

ကိုကိုချစ်သီချင်းကို ဒီကနေ့အထိ ပရိသတ်တွေ အသည်းစွဲနေတာကြောင့် သူ့အပေါ်ထားတဲ့ ပရိသတ်ရဲ့ချစ် ခင်မှု၊ သူက ပရိသတ်အပေါ်ထားတဲ့ ရိုသေမှုကြောင့်ပါလို့ ကော်နီကဆိုပါတယ်။ ဂီတသက်တမ်း အနှစ် ၃ဝအတွင်း ကော်နီကိုမှတ်မိနေသေးတဲ့ ပရိသတ်အတွက် မလုပ်တာကြာတဲ့ ဖျော်ဖြေပွဲမှာ တာဇံအယ်လ် ဘမ်ထွက်ကတည်းက ဆရာလို့ပြောလို့ရတဲ့ တေးရေးသုခမိန်လှိုင်ပေးတဲ့ 30 Dreams Connie ခေါင်းစဉ် ကို ပေးထားတယ်လို့ ပြောပါတယ်။

ကော်နီရဲ့ 30 Dreams Connie ဖျော်ဖြေပွဲကို အမျိုးသားဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီးအဆိုတော် ဇော်ဝင်းရှိန်၊
ချစ်ကောင်း၊ ဟေမာနေဝင်း၊ ထွန်းအိန္ဒြာဗိုလ်၊ စည်သူလွင်၊ ခင်မြတ်မွန်၊ ချောစုခင်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ Rဇာနည်နဲ့ Idiots တို့ ပါဝင်သီဆိုကြမှာပါ။ ကော်နီရဲ့လက်တွဲဖော် New Waveအဖွဲ့နဲ့အတူ The Trees အဖွဲ့တို့က တီးခတ်မှာဖြစ်ပါတယ်။

ကော်နီရဲ့ပွဲမှာ ကိုယ်တိုင်လည်းသီချင်းဝင်ဆိုပြီး နောက်ခံ ဟာမိုနီကိုလည်း ကူညီပေးမယ့် အဆိုတော် ခင်မြတ်မွန်က အခု ကော်နီရဲ့ပွဲဟာ တွေ့နေကျစတိတ်ရှိုးတွေနဲ့မတူဘဲ အရင်ခေတ်က အနုပညာရှင်တွေရဲ့ တင်ဆက်မှုတွေကို ကြည့်ရတာ အရမ်းထိုက်တန်တာမို့ တန်ဖိုးရှိမှာပါလို့ ဆိုပါတယ်။ တစ်ချိန်က အောင်မြင် ခဲ့သူတွေအများဆုံးပါတဲ့ ဖျော်ဖြေပွဲမို့ ပရိသတ်နောင်တမရစေရဘူးလို့ မှတ်ချက်ပေးပါတယ်။



kamayutmedia


မှတ်ချက်များ