ရန်ကုန်-ဒလ တံတားတည်ဆောက်ရန် ကိုရီးယား ချေးငွေပေးမည်

ကိုရီးယားမှ Daily Economy သတင်းစာတွင် ဖော်ပြခဲ့သော ရန်ကုန်-ဒလ တံတားပုံစံငယ်ကို တွေ့ရစဉ်
ဒလတံတားစီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ သဘောတူညီချက်ရရှိပြီဖြစ်ပြီး တံတား အတွက် ကုန်ကျစရိတ်ကို ကိုရီးယားနိုင်ငံက ချေးငွေချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရပ်ဆိုင်းထားခဲ့သော ရန် ကုန်-ဒလတံတားစီမံကိန်း ပြန် လည်စတင်ရန် နိုင်ငံတော် သမ္မတ၏ ကိုရီးယား ခရီးစဉ်တွင် ဆွေးနွေးခဲ့ပြီး ကိုရီးယားအစိုးရက အမေရိကန်ဒေါ်လာ ၁၃၈ သန်း ကူညီမည်ဟု သဘောတူညီ ခဲ့ကြောင်း ကိုရီးယား Daily Economy သတင်းစာ၌ ဖော်ပြထားသည်။

တွက်ချက်မှုများအရ တံ တားအတွက် ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၆၈ သန်းရှိမည် ဖြစ်ပြီး ကိုရီး ယားအစိုးရက ၁၃၈ သန်းသာချေးငွေကူညီမည်ဖြစ်၍ လိုအပ်သော ဒေါ်လာ သန်း ၃၀ ကို ကိုရီးယားနိုင်ငံ
ခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ EDCF က ကူညီမည်ဖြစ်ကြောင်း ယင်း သတင်းစာတွင် ဖော်ပြသည်။

အဆိုပါ စီမံကိန်းအတွက် ဆွေးနွေးမှုများ ယခုလအတွင်း အပြီးသတ်ပြီး ဖေဖော်ဝါရီတွင် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကာ စီမံကိန်းကာလမှာ ငါးနှစ် ခန့်ကြာမည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အကြီး တန်းအရာရှိ တစ်ဦးက ဇန်န၀ါရီ ၂၂ ရက်၌ ပြောသည်။

‘‘တံတားပြန်ဆောက်နိုင်ရင် ကိုရီးယားနိုင်ငံက ဆောက်လုပ် ရေးလုပ်ငန်းတွေတင်မဟုတ်ဘဲ ပြည်တွင်းက လုပ်သားတွေပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာမှာပါ။ ပြန်ပြီးဆောက်မယ် ဆိုရင်လည်း တံတား ပုံစံဒီဇိုင်း တွေ၊ ဆက်သွယ်မယ့် လမ်းတွေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး’’ ဟု ၎င်းကပြောသည်။

ရန်ကုန်မြစ်ကို ဖြတ်၍ ရေ ကြောင်းခရီးသွားလာနေသူမှာ နေ့စဉ်လူဦးရေသုံးသောင်းခန့်ရှိ ပြီး တံတား အမြန်ဆုံးတည်ဆောက်နိုင်ရန်လိုအပ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရေကြောင်းမှူးချုပ် ဦးဝင်းသိန်းက ပြောသည်။ ‘‘အရင်စီမံကိန်းတုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားပေမယ့် ဒီတံတားက တကယ်တည်ဆောက်ဖို့လိုအပ်တဲ့ အရာပါ’’ဟု ၎င်းကဆက်လက်ပြောသည်။

ရန်ကုန်-ဒလ မြစ်ကူးတံ တားမှာ ဆူးလေဘုရားလမ်း၊ ပြည်လမ်း၊ ဗိုလ်တထောင်လမ်းတို့နှင့် ဆက်သွယ် မည်ဖြစ်ပြီး တံတား အရှည်မှာ ၂ ဒသမ ၉ ကီလိုမီတာ (တစ်မိုင်ကျော်)ရှိမည်ဖြစ် သည်။

အဆိုပါတံတားဆောက်ပြီး လျှင် ဒလတစ်ဖက်ကမ်းနေ ပြည်သူများ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးအတွက် အခွင့်အလမ်းများစွာ တိုးတက် လာမည်ဖြစ်ကြောင်း ဒလမြို့ခံ များကပြောသည်။

‘‘အခုက ဒလကမြို့တစ်မြို့ ဖြစ်ပြီး တိုးတက်မှုက အရမ်းကို နောက်ကျနေတာ။ မြို့ထဲသွားတဲ့ ကားလမ်း
တွေတောင် နှစ်စီးယှဉ် မောင်းလို့မရအောင် ကျဉ်းတယ်။ ရန်ကုန်မြို့ကြီးနဲ့ နီးနီးလေးဖြစ်ပြီး တော့ကျွန်
တော်တို့ ဒလမြို့လေး ကတိုးတက်မှုတွေ နှောင့်နှေးနေ တာပါ’’ဟု ရပ်မိရပ်ဖ ဦးလှဝေက ပြောသည်။

ရန်ကုန်-ဒလ မြစ်ကူးတံ တားကို ကိုရီးယား-မြန်မာချစ် ကြည်ရေး ၂၀၁၃ ကတည်းက တည်ဆောက်မည်ဟု စီမံချက်ရှိ ခဲ့သော်လည်း ကိုရီးယားနိုင်ငံမှ ချေးငွေအလုံအလောက်မချထား ပေးခြင်းနှင့် ဒလရှိ မြေဈေးများ တစ်ရှိန်ထိုးမြင့်တက်သွား ခြင်းကြောင့် ၂၀၁၄ နှစ်လယ်ခန့်တွင် စီမံကိန်း ရပ်ဆိုင်းခဲ့ရသည်။

ဟိန်းသာ | 7day

မှတ်ချက်များ