မဂ္ဂဇင်းအယ်ဒီတာကို သတ်ဖြတ်မှု မင်းအုပ်စိုးကို ခရိုင်တရားရုံးလွှဲ
သရပါမဂ္ဂဇင်းရဲ့ အယ်ဒီတာ မတေးနုယဉ် (ခ) မနုနုယဉ်ကို သတ်ခဲ့တယ်လို့ ဝန်ခံထားတာကြောင့် ပုဒ်မ ၃ဝ၂နဲ့ ဗဟန်းတရားရုံးမှာ အမှုဖွင့်ထားတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ဇန်နဝါရီ ၂၂ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ မြို့နယ်က အမှု လွှဲအပ်ခဲ့ပြီး နောက်ထပ် ၂ပတ်အကြာမှာ စတင်စစ်
ဆေးသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ရက်နေ့မနက် ၂နာရီမှာ လူသတ်မှုကျုးလွန်တယ်လို့ အမှုဖွင့်စစ်ဆေးခံနေရတဲ့ သရုပ်
ဆောင်မင်းအုပ်စိုးဟာ သူထုတ်လုပ်သူအဖြစ် တာဝန်ယူထားတဲ့ သရပါမဂ္ဂဇင်းရဲ့ အယ်ဒီတာကို ညှင်းပန်း
နှိပ်စက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဒီဇင်ဘာ ၂၅ရက်နေ့မှာပဲ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။
စုစုပေါင်း တရားရုံးချိန်းပေါင်း ၃ခုတိတိအထိ သီတင်း ၃ပတ်ကျော် ကြာလာပေမယ့် လူသတ်မှုနဲ့ပတ်သက် လို့ တရားဝင် စတင်စစ်ဆေးမှုတွေ မလုပ်နိုင်သေးပါဘူး။
သေဆုံးသူရဲ့ မောင်ဝမ်းကွဲ ကိုစည်သူက တရားလိုအနေနဲ့ ရှေ့နေရှေ့ရပ်တွေနဲ့ အမှုကို ရင်ဆိုင်ဖို့ပြင်ဆင် ထားပြီး ဖေဖော်ဝါရီ ၄ရက်နေ့ ခရိုင်တရားရုံး ရုံးချိန်မှာတော့ တရားလိုဘက်ကိုပဲစစ်မေးသွားမယ့်အကြောင်း
ပြောပြပါတယ်။ သရုပ်ဆောင် မင်းအုပ်စိုးဘက်က ငွေကြေးတစ်စုံတစ်ရာ လက်ခံဖို့ ကမ်းလှမ်းလာတာ မရှိသလို၊ ရှိလာရင်လည်း လက်ခံသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
မတေးနုယဉ်ကို သတ်ဖြတ်နှိပ်စက်နေချိန်မှာ သရုပ်ဆောင် မင်းအုပ်စိုး မူးယစ်ဆေးဝါး သုံးစွဲထား၊ မထားဆို တဲ့ ဆေးစစ်ချက်ကို အခုထိ မသိရသေးဘဲ အမှုမှန်ပေါ်ဖို့က အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကိုစည်သူက
ပြောပါတယ်။
ခရိုင်တရားရုံးကို အမှုလွှဲအပ်တဲ့ ပထမဆုံးရုံးချိန်းကိုတော့ သရုပ်ဆောင် မင်းအုပ်စိုးရဲ့ ဆွေမျိုးသားချင်းတွေ၊ အနုပညာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ရဲ့ပရိသတ်တွေ လာရောက်ခဲ့ပါတယ်။
kamayutmedia

မှတ်ချက်များ