ပျက်နေသော ပြတင်းမှန်အချို့၊ သော့ခတ်ထားသောသံပန်းတံခါး၊ ပြုပြင်ထိန်းသိမ်းမှုမရှိ၊လှုပ်ရှားမှုမရှိ၊ ခြောက် ကပ်အသက်မဲ့နေဟန် အတိုင်းသားပေါ်နေသော အဆောက်အအုံ ညိုညိုမှောင်မှောင်ကြီးက ရန်ကုန်မြို့ လယ်တွင် လမ်းလျှောက်နေသည့် အနောက်နိုင်ငံသားတစ်စု၏ မျက်စိရှေ့၌ မားမားကြီးရှိနေသည်။ ယင်း
နေရာမှာ ရွေးကောက်ပွဲပြီးနောက် အာဏာအမြန်လွှဲပြောင်းပေးရန် ၁၉၉၀ ဇူလိုင် ၂၉ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို ရေးဆွဲခဲ့ရာနေရာဖြစ်သည်။
ဆယ်စုနှစ်များစွာ မြန်မာ့နိုင်ငံရေး ၊ ဘာသာရေး၊ လူမှုရေး၊ စာနယ်ဇင်းတို့နှင့်ဆက်စပ်၍ ဇာတ်ဆောင်တစ် ဦးဖြစ်ခဲ့သည့် ယင်းအဆောက်အအုံကြီးမှာ ယခုအချိန်တွင်မူ တိတ်ဆိတ်ညှိုးမှိန်လျက်။ သူ့အနီးအနားပတ် လည်ရှိ ခေတ်မီနုပျိုသည့် အဆောက်အအုံများ၊ သူ့ဘေးတွင် ဥဒဟိုသွားလာနေသည့် မော်တော်ယာဉ်များအ ကြားတွင်သူက ကျန်းမာရေးချို့ယွင်းနေသည့် အိုမင်းမစွမ်းအဘိုးအိုတစ်ယောက် ငုတ်တုတ်ထိုင်နေသည့်
နှယ်။
‘‘ဒါကတော့ ဂန္ဒီဟောလ်ပါ’’ဟု စေတနာ့ဝန်ထမ်းဧည့်လမ်းညွှန် ကိုယုမြတ်နိုးက ပြောပြသည်။
ဂန္ဒီဟောလ်၏ မျက်နှာချင်းဆိုင်တွင် ရန်ကုန်မြို့၏ သက်တမ်းအရင့်ဆုံး ဘုရားကျောင်းရှိနေသည်။ မတူကွဲ
ပြားသည့် အနောက်နိုင်ငံအသီးသီးမှ လေ့လာသူတစ်စုနှင့်အတူ အီတလီယဉ်ကျေးမှုဝန်ကြီးဟောင်း လည်း
ဖြစ် ၊ ရောမမြို့တော်ဝန်ဟောင်းလည်း ဖြစ်သူကကျောင်းခြံဝင်းဝတွင် ခတ်နှိပ်ထားသည့် စာသားတို့ကို စိုက် ကြည့်ဖတ်ရှုနေ၏။ ‘‘အာမေးနီးယန်းတမန်တော်များ ဘုရားကျောင်း၊ စိန့်ဂျွန်းဘက်ပတစ်ဘုရားကျောင်း’’။ ၁၈၆၂ တွင် တည်ဆောက်ခဲ့၏။ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်းထောင့် အမှတ်(၆၆)တွင် တည်ရှိနေသည်။ ရန်ကုန်မြို့၏ တတိယမြောက် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် မကြာ
သေးမီက သတ်မှတ်ခဲ့သည်။
မကြာသေးမီက မြန်မာခရီးစဉ်အတွင်း အမေရိကန်သမ္မတအိုဘားမားက ရန်ကုန်မြို့ပြအမွေအနှစ် ထိန်း သိမ်းစောင့်ရှောက်ရေးအကြောင်းကို စိတ်ဝင်တစားရှိခဲ့ပြီး သူ့အနေဖြင့် မည်သည့်အကူအညီပေးနိုင်မည် လဲဟု စုံစမ်းခဲ့ဖူးသည်။ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT) ဥက္ကဋ္ဌ ဒေါက်တာ သန့် မြင့်ဦးနှင့်အတူ အတွင်းဝန်ရုံးကို လှည့်လည်လေ့လာစဉ် သမ္မတအိုဘားမားက မေးမြန်းခဲ့ခြင်းပင်။
အာမေးနီးယန်း ဘုရားကျောင်းရှေ့ညောင်ပင်မှ ခိုတစ်အုပ် ထပျံကြသည့်အခိုက် နိုင်ငံခြားသားပညာရှင် တစ်စု လည်း ယင်းနေရာမှ ထွက်ခွာကာ ရှုပ်ထွေးပွေလီလှသည့် ကားများအကြား တစ်လမ်းဝင်တစ်လမ်း ထွက် ဖြတ်လျှောက်ကြပါတော့သည်။ ကိုလိုနီခေတ်လက်ကျန် အဆောက်အအုံတို့၏ အခန်းကျဉ်းကလေး များတွင် နေထိုင်နေသည့် ရန်ကုန်မြို့သားအချို့ကိုလည်း သူတို့တွေ့ကြသည်။ ရန်ကုန်မြို့၏ အဆောက်အအုံ များ၊ လူနေမှုစနစ်များကို လမ်းလျှောက်လှည့်ပတ်ကြည့်ရှုနေသည့် သူတို့အဖွဲ့မှာ ‘‘ရန်ကုန်မြို့၏ ရေရှည်
တည်တံ့ သည့် ဖွံ့ ဖြိုးတိုးတက်မှု’’ အမည်ရှိ ဖိုရမ်ကို တက်ရောက်လာကြသူများဖြစ်သည်။
မြို့တော်၏ သမိုင်းဝင်ရှုခင်းများအပေါ် ယခုလတ်တလောနိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲ၏ အကျိုးသက်
ရောက်မှုရှိပုံကို သူတို့ ဆွေးနွေးကြသည်။ ရန်ကုန်မြို့ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု များအတွက် ဥပဒေရေးရာ၊ ငွေကြေးဆိုင်ရာ အပါအဝင် အခက်အခဲများစွာကို ရင်ဆိုင်နေရသည်ဟု ဆိုကြ သည်။ ယခုဆိုလျှင် မြို့တော်တွင် နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာများအတွက် လက်တွေ့ကျသည့်အဖြေများ ကို ရှာဖွေပေးနိုင်ရန် မြန်မာနှင့်နိုင်ငံတကာ ပူးပေါင်းစဉ်းစားလာကြပါပြီ။
‘‘ဒီလာမယ့် တစ်နှစ်၊ ၂ နှစ်အတွင်း ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ နောက်ဆယ်စုနှစ်တွေမှာ မြို့ဘယ်လိုပုံ စံ ဖြစ်နေမလဲဆိုတာကို ပုံဖော်မှာဖြစ်ပါတယ်’’ဟု YHT ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးကဆိုသည်။
ရန်ကုန်မြို့၌ သယ်ယူပို့ဆောင်ရေးစနစ်၊ အသွားအလာယာဉ်ကြောပိတ်ဆို့မှု၊ ကားပါကင်နေရာ၊ ရေစီးရေ လာ စနစ်တို့အပါအဝင် ကဏ္ဍများစွာ၌ လိုအပ်ချက်များ ရှိနေသည်။ ရန်ကုန်ရှိ အဆောက်အအုံများအနေ
ဖြင့် ရွှေတိဂုံေ စတီတော်ထက် ပိုမမြင့်စေရဟု ပြီးခဲ့သည့်နှစ်ကတည်းက အစိုးရက သတ်မှတ်ထားခဲ့သော် လည်း ယခုလက်ရှိ ဆောက်လုပ်နေသည့် အဆောက်အအုံအချို့ ဆောက်လုပ်ပြီးစီးလျှင် ရွှေတိဂုံစေတီ
တော်ထက် ပိုမြင့်လာဖွယ်ရှိနေသည်။
ထို့အပြင် အဆိုပြုလွှာတင်ထားပြီး အစိုးရခွင့်ချက် တရားဝင်မကျသေးဘဲ ဆောက်လုပ်နေသော အထပ်
ပေါင်းများစွာ မြင့်မားသည့် အဆောက်အအုံစီမံကိန်းကြီးအချို့လည်း ရှိနေသည်။ တစ်ချိန်တည်းမှာပင် ခေတ်
ရေစီးကြောင်းနှင့် မသွေဖည်သလို ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ဖျောက်ဖျက်ရာမရောက်ဘဲ ထိန်း သိမ်းစောင့်ရှောက်ရန်လိုနေသည့် အဆောက်အအုံများဆိုင်ရာ အရေးလည်း ရန်ကုန်မြို့၌ ရှိနေပါသည်။ ရန်ကုန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC)၏ စာရင်းများအရ ရှေးဟောင်းအ
ဆောက်အအုံအလုံးပေါင်း ၂၀၀ နီးပါးရှိပြီးYHT၏ အဆိုအရ ထိန်းသိမ်းစောင့်ရှောက်ရန် လိုနေသည့် ရှေး
ဟောင်းအမွေအနှစ်အဆောက်အအုံပေါင်း ၁,၀၀၀ ဝန်းကျင် ရှိနေသည်။
ယနေ့ကာလတွင် ခေတ်ပြိုင်မြို့တော်များ၌ အထူးသဖြင့် အာရှမြို့တော်များ၌ ဆန်းသစ်တီထွင်လာသည့်
ပြောင်းလဲမှုများနှင့် ကြီးကျယ်ခမ်းနားသည့် ယဉ်ကျေးမှုအမွေအနှစ်များ ဆုံတွေ့ရေးမှာစိန်ခေါ်မှုဖြစ်နေ
ကြောင်း အီတလီနိုင်ငံရေးသမား ဖရန်ချက်စ်ကိုရူတဲလီက ထောက်ပြခဲ့သည်။
‘‘ဒီရန်ကုန်က စီးပွားရေးကြီးထွားမှုနဲ့ သမိုင်းဝင်အမွေအနှစ်တွေ အတူတကွပြန်လည်သင့်မြတ်မှုဆီ သွားတဲ့ ခရီးစဉ်မှာ အရေးပါတဲ့အခြေလှမ်းတစ်ခုပါပဲ’’ဟု ရောမမြို့တော်ဝန်ဟောင်းလည်းဖြစ်သည့် ဖရန်ချက်စ်ကို ကပြောသည်။
YHT အနေဖြင့် သမိုင်းဝင်မြို့ပြစင်တာ တည်ထောင်ရန်အတွက် မူကြမ်းရေးဆွဲခဲ့ပြီး ၂၀၁၃ သြဂုတ်ကတည်း က ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ တင်သွင်းထားသည်။ သို့သော် ယခုအချိန်ထိ ဆုံးဖြတ်ချက်တစ်စုံတစ် ရာ ချမှတ်မလာသေးဟု ဆိုသည်။ မြို့ပြအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကမ္ဘာတစ်ဝန်းမှ အမွေအနှစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံအဆင့်နှင့်ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရ င်းနှီးမြုပ်နှံသူများ၊ ပြည်တွင်းရှိ လူမှုအခြေပြုနှင့် ပညာရှင်အဖွဲ့အစည်းများ၊ အင်န်ဂျီအိုအဖွဲ့အစည်းများ၊ မြန် မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံတကာအဖွဲ့အ စည်းများဖြစ်သည့် ဥရောပသမဂ္ဂ၊ အာရှဖွံ့ဖြိုးရေးဘဏ် ၊ ကမ္ဘာ့ဘဏ်နှင့် အာဆီယံတို့မှ ပညာရှင်များ ပါဝင်သည့် ဖိုရမ်ကို ဇန်နဝါရီ ၁၅ မှ ၁၇ရက်ထိ သုံးရက်ကြာကျင်းပပြီး အကြံဥာဏ်များ ထုတ်ခဲ့ကြသည်။
ယင်းဖိုရမ်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်နေသည့် World Monuments Fund နှင့် YHT တို့က စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းမှနေ၍ ရန်ကုန်မြို့တွင်း ထိန်းသိမ်းစောင့်ရှောက်ရေး ဧရိယာသတ်မှတ်ခြင်းအပါအဝင် ဦးစားပေးကိစ္စများကို ထုတ်ဖော်ခဲ့ကြ၏။ ထို့အပြင် အမွေအနှစ်နှင့် ထိန်း သိမ်းစောင့်ရှောက်ခြင်းကို တိတိကျကျအနက်ဖွင့်ဆိုခြင်း၊ အမွေအနှစ်အသိုက်အဝန်းကို ကာကွယ်ခြင်းတို့ အပါအဝင် ဆောင်ရွက်ရမည့်အချက်များကိုလည်း အကြံပြုခဲ့ကြသည်။ ဖိုရမ်မှ အကြံပြုချက်များကို အစိုးရ တာဝန်ရှိသူများ သိရှိစဉ်းစားဆောင်ရွက်ကြရန် သူတို့က ရည်ရွယ်ထားခဲ့သည်။
ဤအတောအတွင်းမှာပင် တရားရုံးချုပ်၊ မြန်မာ့မီးရထားရုံးချုပ်၊ စုပေါင်းရုံး၊ ကုန်သွယ်ရေးရုံးဟောင်း၊ ရဲမင်း ကြီးရုံးတို့ အပါအ၀င် ရန်ကုန်မြို့တွင်းရှိ အစိုးရပိုင် ရှေးဟောင်းအဆောက်အအုံအများစုကို ဟိုတယ်အဖြစ်
ပြုပြင်ပြောင်းလဲလုပ်ကိုင်ရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးလိုက်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဝင်းခိုင်က ဇန်နဝါရီတတိယပတ်အတွင်းက အတည်ပြုခဲ့သည်။
| ရန်ကုန်မြို့တွင်းလှည့်လည်၍ ရှေးဟောင်းအဆောက်အအုံများကိုလေ့လာနေသော ပညာရှင်အချို့ကို တွေ့ရစဉ်/ဓာတ်ပုံ − နစ်ကီ |
ဟောင်းအဆောက်အအုံများ လေ့လာမှုပြုလုပ်နေသည့် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းက အကြံ
ပြုထားသည်။ ဟိုတယ်အဖြစ် ပြောင်းလဲလုပ်ကိုင်ခွင့်ပေးလိုက်သည့် အဆောက်အအုံအများစု၏ မူလလက် ရာမပျောက်ပျက်ရန် လွန်စွာအရေးကြီးပြီး အကြီးစားပြင်ဆင်မှုများပြုလုပ်ပါက များစွာသတိထားရမည့် အဆောက်အအုံများပါဝင်ကြောင်း ရန်ကုန်မြို့လယ်ရှေးဟောင်းအဆောက်အအုံများကို လေ့လာစောင့် ကြည့်သူများကလည်း သတိပေးနေသည်။
ဇန်နဝါရီလလယ်၏ ညနေစောင်း နေသာလေလာချိန်တွင် ရန်ကုန်မြို့လယ်၌ လမ်းလျှောက်လှည့်လည်ခဲ့ကြ သည့် မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးလှုပ်ရှားသူ နိုင်ငံတကာမှဧည့်သည်များသည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ အရေးပါသည့် အဆောက်အအုံကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံခဲ့ရရာဖြစ်သော အတွင်းဝန်ရုံးနားသို့ အရောက်တွင် သတင်းတစ်ခုကို ကြားသိခဲ့ကြရသည်။ ယင်းအဆောက်အအုံကြီးကို ဟိုတယ်အဖြစ် ပြောင်းလဲရန် အစီအစဉ်ရှိခဲ့ပုံကို ကြားလိုက်ရသည့်အခါ သူတို့က စိတ်မကောင်းဟန်ဖြင့် ကန့်ကွက်ကြသည်။ ဟိုတယ်အစား အခြားရွေးချယ်လုပ်ဆောင်စရာများကို စဉ်းစားသင့်ကြောင်း အကြံပြုကြသည်။ယင်းအခိုက်အတန့်သည်ရန်ကုန်မြို့တွင်းလှည့်လည်ရာတစ်လျှောက်
သူတို့ စိတ်ဝင်တစား ဆွေးနွေးကြသည့် အဆောက်အအုံအချို့အနက်မှ တစ်ခုဖြစ်ခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ လသာမြို့နယ်တွင် လက်ရှိလမ်းကွက်များမှာ ၂၅ပေ ၊ ပေ ၅၀အကွက်များဖြစ်နေပြီး ယင်း တို့ကို အဆောက်အအုံများ ထပ်မံဆောက်မည်ဆိုပါက အထပ်မြင့်များသာ ဖြစ်လာမည်ဖြစ်ကာ ယင်းနောက် လူနေမှုသိပ်သည်းခြင်း၊ လေဝင်လေထွက် အလင်းရောင်မကောင်းခြင်း၊ ကားများလာပြီး ကားရပ်ရန်နေရာ
ပြဿနာတို့နှင့် ရင်ဆိုင်ရနိုင်ပြီး ထပ်မံဆောက်လုပ်ခွင့်ပြုပါက ရန်ကုန်မြို့သည် သွားလာနေထိုင်၍ မရသည့် အခြေအနေထိရောက်ရှိသွားနိုင်ကြောင်း YCDC က ဆိုလာသည်။
ကျောက်တံတားဘက်တွင် မြို့ပြအမွေအနှစ်များလာပြီး ဗိသုကာလက်ရာကောင်းသည့် အဆောက်အအုံ
ဘေးတွင် ကြောင်တောင်ကျားတားများ တွဲလျက်ပေါ်လာသည့်အခါ မြင်ကွင်းအကျည်းတန်ကြပုံကို ပြည် သူအများလက်ခံလာကြကြောင်း YCDC ကပြောသည်။ ပြင်ဆင်မူတွေတင်လာလည်း မူလပုံစံအတိုင်းမ ပျက်အောင် ပြန်ဖြစ်အောင် ပြင်လာကြပါတယ်၊ ပုဂ္ဂလိကပိုင်အဆောက်အအုံတွေကို မြေရှင်တွေကို မူလ လက်ရာမပျက်အောင် ထိန်းသိမ်းဖို့ ညှိနှိုင်းအကြံပေးတယ်’’ဟု YCDC လက်အောက်ရှိ မြို့ပြနှင့်မြေယာစီမံ ခန့် ခွဲမှုဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်ကပြောသည်။
လက်ရှိရန်ကုန်မြို့တော်၌ အမွေအနှစ်အဆောက်အအုံများ ထိန်းသိမ်းမှုနှင့် ခေတ်မီအဆောက်အအုံများ ကြီး ထွားလာမှုအကြား စိန်ခေါ်မှုမှာ တစ်စထက်တစ်စ သိသာလာနေသည်။ အဓိကစိန်ခေါ်မှုတွင် ယခုအစိုးရ သက်တမ်းအတွင်း ရင်းနှီးမြုပ်နှံမှုအများအပြား ဝင်ရောက်လာခြင်းလည်း ပါဝင်ပြီး နိုင်ငံနှင့်လိုက်လျောညီ
ထွေ ရှိသည့် အချက်များပါဝင်အောင် လုပ်ဆောင်နေရသည့်အတွက် လိုအပ်နေသည့်ဥပဒေ ထွက်ပေါ်လာ
ရေးမှာလည်း ကြန့်ကြာနေရကြောင်း YCDC က ဆိုသည်။
YCDCနှင့် ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်းပြီး ရန်ကုန်မြို့ပြအတွက် ၂၀၄၀အထိ မျှော်မှန်းထားသည့် စီမံကိန်းများရှိနေသည်။ ယင်းအနက် မင်းဓမ္မဒုတိယဗဟိုစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး၊ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရေးတို့ကို စတင်ဆောင်ရွက်နေပြီဟု ဆိုသည်။
ထို့အပြင် အတွင်းမြို့ပတ်လမ်း တိုးချဲ့မည့်အစီအစဉ်များကိုလည်း နှစ်အလိုက် အကောင်အထည် ဖော် သွားမည်ဟု ဆိုသည်။ ၂၀၁၄ - ၁၅ မှစတင်၍ ရေပေးဝေရေးစနစ်၊မိလ္လာအမှိုက်စွန့်ပစ်မှုစနစ်၊အများ ပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် စသည့်ကဏ္ဍတို့ကို အကောင်အထည်ဖော်နေပြီဖြစ်သည်။ အများပြည်သူပို့
ဆောင်ရေးကဏ္ဍကို BRT စနစ် အကောင်အထည်ဖော်ရန်ရှိပြီး လမ်းကွန်ရက်များ တည်ဆောက်ရန်လည်း ရှိနေပြီကြောင်း သိရသည်။
‘‘အဲဒီလိုစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲက ဘတ်ဂျက်ပါ။ တန်ဖိုးအားဖြင့် ကြီးပါတယ်။ တစ်ပြိုင်ထဲအကောင်အထည်ဖော်ရင် အစိုးရအနေနဲ့ မတတ်နိုင်ဘူး’’ ဟုဦးတိုးအောင်က ပြော သည်။
ထို့အတွက် အချို့လုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းရန် ဆွေးနွေးနေပြီး ပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့် တွဲလုပ်သွားရန်ရှိနေကြောင်း ပြောသည်။
တစ်ချိန်တည်းမှာပင် ရန်ကုန်မြို့၏ တစ်နေရာတွင် ဂန္ဒီဟောလ်ကြီးသည် မရေရာသည့် အနာဂတ်ကို ရင် ဝယ်ပိုက်ထားရသည်။ ၁၉၁၀ခုနှစ်များက သတင်းစာတိုက်ဖြစ်ခဲ့သော ယင်းအဆောက်အအုံကို ၁၉၅၁ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ်ဦးနုနှင့် အိန္ဒိယသံအမတ်ကြီး MA Rauf တို့ ဝယ်ယူပြီး မဟတ္တမဂန္ဒီအမှတ် တရ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အဖြစ် အမည်ပြောင်းခဲ့သည်။
ထို့နောက်စီမံခန့်ခွဲရန်အတွက် ဂေါပကဘုတ်အဖွဲ့ တစ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၃
နှောင်းပိုင်းကမူ ယင်းဂေါပကအဖွဲ့က လက်ရှိဂန္ဒီဟောလ်ကြီးကို ဖြိုချပြီး ခေတ်မီအထပ်မြင့်အဆောက်အအုံ တစ်လုံး အစားထိုးတည်ဆောက်ရန်စီစဉ်ခဲ့၏။ သို့သော် YHT၏ အကြံပြုချက်အရ YCDC နှင့် ရန်ကုန်တိုင်း
ဒေသကြီးအစိုးရတို့က ထိုဂေါပကအဖွဲ့၏ အစီအစဉ်ကို တားမြစ်ခဲ့ကြသည်။ ရန်ကုန်ရှိ အိန္ဒိယသံရုံးက လည်း အဆောက်အအုံဖြိုချမည့် အစီအစဉ်ကို ကန့်ကွက်ခဲ့သည်။
ရန်ကုန်မြို့ပြထိန်းသိမ်းရေးအမွေအနှစ်စောင့်ရှောက်ရေးအတွက် လှုပ်ရှားသူများက လှုပ်ရှားနေကြသကဲ့သို ပင် ရန်ကုန်မြို့ကို စင်ကာပူကဲ့သို့ ခေတ်မီအဆင့်မြင့်သည့် မြို့တော်ဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရဘက်က ပြောကြားခဲ့မှု ရှိနေသည်။ ‘‘ရန်ကုန်မြို့၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု‘‘ ဖိုရမ်သို့ တက်ရောက်ဆွေးနွေးခဲ့သူ Sanda Hotel & Services ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဒေါ်ခင်စန္ဒာဝင်း ကတော့ ယခုလိုပြောခဲ့ပါသည်။
‘‘ရန်ကုန်ကို ရန်ကုန်အဖြစ်ပဲ ကျွန်မတို့ မြင်ချင်ပါတယ်။ ဘန်ကောက်အဖြစ် မမြင်ချင်ပါဘူး။ စင်ကာပူအဖြစ် မမြင်ချင်ပါဘူး’’
ငြိမ်းငြိမ်းပြည့် | 7day
a_1.jpg)
မှတ်ချက်များ