မင်းအုပ်စိုးအမှု ဖေဖော်ဝါရီ ၄ ရက် ထပ်မံရုံးချိန်း


လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ တရားစွဲထားတဲ့ သရုပ်ဆောင်မင်းအုပ်စိုး (ခ) ကိုအောင်နိုင်ထွန်း အမှုကို ဖေဖော် ၀ါရီ ၄ ရက်မှာ ထပ်မံရုံးချိန်းခဲ့ပြီး တရားလိုဘက်ကို စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းအုပ်စိုးကို ရုံးထုတ်စစ်ဆေးတာ ဒီတကြိမ်နဲ့ဆို ၃ ကြိမ် ရှိပြီ ဖြစ်ပါတယ်။ ရှေ့နှစ်ကြိမ် ရုံး ထုတ်စစ်ဆေးမှုကို ဗဟန်းတရားရုံးမှာပြုလုပ်ခဲ့ပြီး အခုတကြိမ်မှာတော့ အနောက်ပိုင်း ခရိုင်တရားရုံးမှာ ပထ မဆုံးအကြိမ်ရုံးထုတ်တာ ဖြစ်ပါတယ်။

ဒီကနေ့ တရားခွင်မှာ ဆရာဝန်ဆေးစာဖတ်ပြပြီး ရုံးတင်စစ်ဆေးမယ်လို့ သတ်မှတ်ထားပေမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှ ရုံးတင်စစ်ဆေးဖို့ ပြန်လည်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဆရာဝန်ဆေးစာကိုတော့ သေဆုံးသူမိသားစုဘက်ကို ထုတ်ပြခြင်းမရှိဘဲ ဆရာဝန်ကိုစစ်ဆေးမေးမြန်းတဲ့အ ချိန်မှ သိရမှာဖြစ်ပါတယ်။

သေဆုံးခဲ့သူ မနုနုယဉ် (ခ) တေးနုယဉ်မိသားစုဘက်ကလည်း တရားလိုဘက်ကို စတင်စစ်ဆေးတဲ့အချိန် မှာ အမှုမှန်ပေါ်ပေါက်ဖို့ မဏ္ဍိုင်ရှေ့နေများအဖွဲ့ အကူအညီနဲ့ ဖြေရှင်းသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်က လူမှုရေး ကိစ္စတခုနဲ့ပတ်သက်ပြီး မနုနုယဉ်ကို မေးမြန်းစဉ်မှာ အမှန်အတိုင်း မပြောတဲ့အတွက် မင်းအုပ်စိုးက စိတ်ဆိုးဒေါသဖြစ်ပြီး ထိုးကြိတ် ကန်ကျောက်ခဲ့တဲ့ အတွက် သေဆုံးခဲ့ ရတာ ဖြစ်ပါတယ်။

DVB

မှတ်ချက်များ