ထိုင်းငါးဖမ်းစက်လှေပေါ် ရောင်းစားခံရသူ ၁၉ယောက် ပြန်ရောက်လာခဲ့
အင်ဒိုနီးရှားရေပိုင်နက်ထဲ ဝင်ရောက်ခဲ့လို့ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မြန်မာ ၁၉ယောက် ဟာ ဇန်နဝါရီ ၂ဝရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်လာခဲ့ပြီး ဒီလူတွေဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးခံခဲ့ ရသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့တွေ အမိနိုင်ငံကို ပြန်ရောက်လာဖို့ ဘယ် သူတွေ ကူညီခဲ့ကြသလဲ။
နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာအဖွဲ့ IOM က Traffic Vacancyလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့ ရဲ့ ခွင့်ပြုချက်နဲ့ အင်ဒိုနီးရှားနိုင်ငံကိုရောက်သွားတဲ့ မြန်မာ လှေလုပ်သား ၁၉ယောက်ကို ပြန်လည်လွှဲပြောင်း ယူဖို့ ကူညီခဲ့တာဖြစ်ပြီး လူကုန်ကူးခံရသူတွေရဲ့ အတွေ့အကြုံတွေကို သတင်းမီဒီယာတွေကတစ်ဆင့် အများပြည်သူ သိနိုင်စေဖို့ တွေ့ဆုံပေးတာပါလို့ ဒေါ်ရင်ရင်ဟန်က ဆိုပါတယ်။ မြန်မာနိုင်ငံပြန်ဖို့ လေယာဉ် စားရိတ်အပြင် နေရပ်ပြန်ရောက်ရေး တစ်ယောက်ကို ဒေါ်လာ ၂ဝဝစီလည်း ထောက်ပံ့ပေးတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ငါးဖမ်းစက်လှေတွေပေါ် ရောင်းစားခံခဲ့ရသူတွေဟာ တနင်္သာရီတိုင်းက ၁၃ယောက်၊ ဧရာဝတီ တိုင်းက ၄ယောက်၊ ရန်ကုန်နဲ့ပဲခူးတိုင်းက တစ်ယောက်စီဖြစ်ပြီး ဇန်နဝါရီလထဲမှာဆိုရင် အခုက ဒုတိယအ သုတ်ဖြစ်လို့ စုစုပေါင်း ၃၈ယောက်ရှိသွားပြီလို့ ဒုရဲမှူးမောင်မောင်က ပြောပါတယ်။ မိသားစုနဲ့ ပြန်လည်
ပေါင်းစည်းပေးဖို့အပြင် လူကုန်ကူးခံခဲ့ရတဲ့ ဖြစ်စဉ်တွေကို မေးမြန်းပြီး အရေးယူလို့ရတဲ့လူပွဲစားတွေ၊ ရောင်း စားသူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို ၂ဝ၁၃မှာရောက်သွားပြီး ငါးဖမ်းစက်လှေပေါ်မှာ အလုပ်ဝင်ခဲ့တဲ့ လူကုန်ကူးခံခဲ့ရသူတစ်
ယောက်က သူ့ရဲ့လုပ်အားခကို အလုပ်သွင်းပေးတဲ့သူက ထုတ်ယူသွားခဲ့လို့ စက်လှေပေါ်မှာပဲ အလုပ် လုပ်နေခဲ့ရတဲ့အကြောင်း၊ ထိုင်းရေပိုင်နက်ကနေ အင်ဒိုနီးရှားရေပိုင်နက်ထဲ ရောက်သွားပြီး ဖမ်းဆီးခံခဲ့ရာက လူကုန်ကူးခံရလို့ နေရပ်ကို ပြန်ရောက်လာတာပါလို့ ဆိုပါတယ်။
အင်ဒိုနီးရှားကတော့ ယာယီထိန်းသိမ်းပေးထားတဲ့သဘောဖြစ်ပြီး ၂ဝ၁၄ ၅လပိုင်းမှာ ကိုယ်ရေးရာဇဝင်
တောင်းပြီး စုံစမ်းမှုတွေစခဲ့ရာက အခုတော့ အိမ်ပြန်ရောက်ပါပြီလို့ ပြောပါတယ်။
kamayutmedia

မှတ်ချက်များ