နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်ထုလုပ် ရောင်းချသော ဗိုလ်ချုပ်ဦးခေါင်းရုပ်တုသုံးမျိုး အရောင်းသွက်နေ
ဗိုလ်ချုပ် အောင်ဆန်းနှစ် (၁ဝဝ)ပြည့်အထိမ်း အမှတ်အဖြစ် ဗိုလ်ချုပ်ရုပ်တု သုံးမျိုး ကို မန္တလေးမြို့မှ ပန်းပု ဆရာတစ်ဦး ကထုလုပ်ရောင်းချပေးနေရာ ဝယ်ယူ စုဆောင်းသူများပြားနေကြောင်း သိရသည်။
မန္တလေးမြို့မှ ပန်းပုဆရာ ဦး အောင်ကျော်၏ အောင်ပန်းပုလုပ် ငန်းက တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်
အောင်ဆန်း၏ ပုံတူသုံးမျိုး အား ပန်းပုပညာဖြင့် ဆန်းသစ်စွာ ပုံဖော်ပေးခဲ့ပြီး ကြေးနီရောင်ဖယောင်း ရုပ်တုသုံးမျိုးအား ယခုနှစ် ဇန်နဝါရီ လတွင် ဈေးကွက်အတွင်းသို့ ရောက် ရှိခဲ့ရာ လူကြိုက်များခဲ့ရသည်။
ဗိုလ်ချုပ်၏ ဦးခေါင်းပုံကို အသွင် သုံးမျိုးဖြင့် ထုလုပ်ခဲ့ရာ ဗိုလ်ချုပ်ရုပ် တုများမှာ ဂျပန်တော်လှန်ရေးကာလ က လှုပ်ရှားခဲ့သောဓာတ်ပုံ၏ပုံတူ ရုပ်တု၊ ခေါင်းတုံးပုံစံဖြင့် ထုလုပ်ထား သည့် ပုံတူနှင့် မောင့်ကျက်သရေ ခေါင်းပေါင်းနှင့် အသရေတင့်လှစွာ သော ပုံတူတို့ကို ရုပ်လုံးသွင်းထု လုပ်ထားသဖြင့် ဗိုလ်ချုပ်အား ချစ် မြတ်နိုးတန်ဖိုးထားကြသူများက ဧည့် ခန်းများ၌ ချိတ်ဆွဲရန် ဝယ်ယူခဲ့ကြ ခြင်းဖြစ်သည်။
တစ်ခုလျှင် ကျပ် ၇ဝဝဝ ဖြင့် နယ်မြို့များတွင် အရောင်းသွက် နေကြောင်းသိရသည်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ