ပျဉ်းမနား-နေပြည်တော်ကနေ အိမ်အပြန်လက်ဆောင်အဖြစ် ခရီးသွားဧည့်သည်တွေ အများဆုံး ဝယ်ယူ
လေ့ရှိကြတဲ့ ပျဉ်းမနား ဝါးပိုးမျှစ်ချဉ်ရဲ့ လျှို့ဝှက်ချက်က ဘာလဲ။ မျှစ်ချဉ်တွေကို လနဲ့ချီပြီး သိပ်ရတဲ့အချိန် ကာလ၊ မျှစ်ချဉ်သိပ်ရာမှာ အဓိကအကျဆုံးအဖြစ်တဲ့ သန့်ရှင်းမှုအကြောင်း ဒေါ်ခင်နန်းမြင့်က ကမာရွတ်မီဒီ ယာကို ပြောပြပါတယ်။
ပျဉ်းမနားမှာ အထင်ကရနာမည်ရနေတဲ့ ခိုင်သစ္စာ မျှစ်ချဉ်လုပ်ငန်းရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်ခင်နန်းမြင့်က မျှစ်ချဉ်
တွေကို ဘယ်လိုသိပ်ရမလဲဆိုတာ ပြောပြပေးမှာပါ။ မျှစ်သား မနုမရင့်အနေအထားရှိတဲ့ အချိန်ကာလဟာ ဇူလိုင်နဲ့သြဂုတ်လတွေဖြစ်ရမယ်။ ဒီကာလဟာ မျှစ်ဝယ်ဖို့ အကောင်းဆုံးအချိန်ပါလို့ ဆိုပါတယ်။
ချိုးပြီးသားမျှစ်တွေကို သိပ်တော့မယ်ဆိုရင် မျှစ်သိပ်ထည့်မယ့် ကန်ထဲမှာ မိုးကာအထူ အကြည်ရောင်ကို လေမဝင်အောင် လေးထပ်လောက် ကာရံထားရမှာဖြစ်ပြီး မျှစ်ကုန်သည်တွေဆီကရတဲ့ တစ်ပတ်လောက် သိပ်ထားပြီးသား မျှစ်တွေကို ဆား၊ ထမင်းရည်နဲ့ ဓာတုဆေးတွေ လုံးမမပါဘဲ သန့်စင်ထားတဲ့ကန်ထဲ ထည့် ရပါမယ်။ ပြီးရင်တော့ ကန်ကို လေလုံအောင် မိုးကာနဲ့အုပ်၊ ကျောက်တုံးတွေနဲ့ဖိပြီး တစ်နှစ်လောက်ကြာ
အောင် သိပ်ထားရပါတယ်။ ကန်ပေါ်ကို လျှံထွက်လာတဲ့ မျှစ်ရည်တွေကိုတော့ နေ့တိုင်းဖယ်ရှားပေးရမယ် လို့ ဆိုပါတယ်။
ဒုတိယအဆင့်ကတော့ မျှစ်သိပ်တဲ့အချိန် ပြည့်သွားပြီဆိုရင်တော့ မျှစ်တွေကို ကန်ထဲကထုတ်၊ ရေတစ် ကြိမ်ဆေးပြီး ခြင်းတောင်းထဲမှာ မိုးကာအကြည်တွေနဲ့ ရှင်းပြခဲ့တဲ့ နည်းအတိုင်း နောက်ထပ် ၂ရက်တိတိ ပြန်သိပ်ရပါမယ်။ မျှစ်ကို ၂ဆင့်ခွဲပြီးသိပ်ရတယ်ဆိုတာ အရေးအကြီးဆုံး အချက်ပါ။
နေပြည်တော် မဆောက်ခင်က ရိုးမတောထဲက မျှစ်တွေဟာ ဝါးနွယ်နဲ့ ကြသောင်းမျှစ်ပဲရှိတာမို့ စားလို့မ
ကောင်းတာကြောင့် တည်ဆောက်ရေးလုပ်ငန်းကြောင့် မျှစ်ဈေးကွက်ကို မထိခိုက်ဘဲ ရေပူစမ်းတဝိုက် ပေါက်တဲ့ ဝါးပိုးမျှစ်တွေကသာ ကောင်းတာမို့ အခုတော့ မျှစ်ချဉ်ထုတ်လုပ်တဲ့လုပ်ငန်းဟာ ပိုခေတ်စားလာပါ တယ်လို့ ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ