ဆရာမ ၂ ဦးအလောင်းကို မြစ်ကြီးနားတွင် သင်္ဂြိုဟ်ရန် ပြင်ဆင်
ကချင်ပြည်နယ် မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ် ကောင်းခါးကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ ကချင်နှစ်
ခြင်းအသင်းတော် (ကေဘီစီ)က သာသနာပြု ဆရာမ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို မြစ်ကြီးနားမြို့ကို သယ်ဆောင်ပြီး သင်္ဂြိုဟ်ဖို့ အသင်းတော်က စီစဉ်ဆောင်ရွက်နေပါတယ်။
ဇန်န၀ါရီ ၁၉ ရက်နေ့ ညက ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း ဆရာမတွေ နေထိုင်ရာ အခန်းတွင်းမှာ အမည်မသိလူသတ်သမားတွေက ၂ ယောက်စလုံးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အလောင်းတွေကို မနေ့က မူဆယ်ဆေးရုံကို သယ်ဆောင် ဆေးစစ်ချက်ရယူခဲ့ပြီး ဖြစ်ပါတယ်။ ဆေးစစ် ချက်ကို သိရအောင် ဆေးရုံမှာ စောင့်ဆိုင်းနေတယ်လို့ ကေဘီစီက မနက် ၁၀ နာရီမှာ ပြောပါတယ်။
မနက်ဖြန် သင်္ဂြိုဟ်ဖို့ ကနဦးပိုင်းက ပြင်ဆင်ပေမယ့် ကေဘီစီအသင်းတော်က အတွင်းရေးမှူးနဲ့အဖွဲ့ မူဆယ် မြို့ကို လာရောက်နေပြီး အလောင်းကို မြစ်ကြီးနားကို ဆောင်ယူမယ် ဆိုတာကြောင့် စောင့်ဆိုင်းနေတယ် လို့ မူဆယ်ခရိုင် နှစ်ခြင်းခရစ်ယာန်အသင်းတော်က လူငယ်တာဝန်ခံ ကိုဇွာရာ (Mr. Zau Ra) က ပြော ပါတယ်။
သူက “ကျနော်တို့ ကချင်နှစ်ခြင်းသာသနာအဖွဲ့ချုပ် မြစ်ကြီးနား ကေဘီစီကတော့ သူ အခု ဆင်းလာပြီ ခဏနေ သူ မူဆယ် ရောက်လိမ့်မယ်။ မူဆယ်ရောက်တော့ သူက တခါတည်း အလောင်းကို မြစ်ကြီး နား ပြန်ယူသွားမယ်လို့ ပြောနေတယ်။ အသင်းချုပ်ကို ယူသွားမယ်။ အလောင်းကို မြစ်ကြီးနား ယူသွား မယ်။ မြစ်ကြီးနားကျမှ သင်္ဂြိုဟ်မယ် ပြောတယ်” လို့ ပြောပါတယ်။
ဆရာဝန် ဆေးစစ်ချက် မထွက်သေးပေမယ့် သေဆုံးသူတွေဟာ သတ်ဖြတ်ခံရမှု တခုတည်းတင် မဟုတ်ဘဲ အဓမ္မပြုကျင့်မှုပါ ကျူးလွန်ခံရတယ်ဆိုတာ သေချာတယ်လို့ သူက ပြောပါတယ်။
“ပုံပန်းသဏ္ဌာန်ကတော့ ကျနော်သွားကြည့်တဲ့အနေနဲ့ ကျနော်တို့ ဓာတ်ပုံရိုက်ထားတဲ့အနေနဲ့ ဆိုရင်တော့
သေချာတာပေါ့ ဆရာ။ ကိုယ်တုံးလုံးနဲ့ (ထဘီကျွတ်) ဖြစ်ထားတာလေဆရာ။ တယောက်ကို ဆွဲတင်ထား
ပေးတယ်။ ကိုယ်တုံးလုံးဖြစ်နေတဲ့တယောက်မှာ (မအင်္ဂါမှာ သုတ်ရည်တွေ့) တွေ့ရတယ်။ ကျန်တယောက် ကတော့ ဘောင်းဘီဝတ်ထားတာမို့ ရဲတွေလည်း ရောက်လာတာနဲ့ (မကြည့်ဖြစ်တော့ဘူး)။ ရှိလား မရှိလား (သုတ်ရည်) တပ်အပ် မပြောတတ်ဘူး” လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ရှဘုတ် ကောင်းခါးကျေးရွာမှာ ဇန်န၀ါရီ ၁၉ ရက်နေ့ ညက အသက် ၂၀ အရွယ် ကချင် ကျောင်းဆရာမ မရန်လုလာနဲ့ တန်ဘောင် ခေါန်နန်ဆင်တို့ ၂ ဦး အခန်းတခုအတွင်း ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။
သူတို့ ၂ ဦးဟာ ကချင်နှစ်ခြင်းအသင်းချုပ်က အခမဲ့ စာသင်ကြားပေးနေကြတာ ဖြစ်ပြီး မနက်ပိုင်း ကျောင်း သားတွေက သွားရောက်ခေါ်မှ သေဆုံးနေကြတာ တွေ့ရတာလို့ ဖြစ်စဉ်ကို အနီးကပ် လိုက်ပါဆောင်ရွက် သူ တွေက ပြောပါတယ်။
သေဆုံးသူတွေရဲ့ မျက်နှာနဲ့ လက်တွေမှာ ပြတ်ရှဒဏ်ရာတွေ အများအပြား တွေ့ရှိခဲ့ပြီး ဘယ်သူကဘာ
ကြောင့်သတ်ဖြတ်တယ်ဆိုတာကိုတော့ မဖော်ထုတ်နိုင်သေးသလို သံသယဖြစ်ဖွယ်တွေကို ခေါ်ယူစစ်
ဆေးတယ်ဆိုတဲ့သတင်းလည်း မကြားသိရသေးပါဘူး။ ကြူကုတ် (ပန်ဆိုင်း) မြို့နယ် ရဲအရာရှိကတော့ မနေ့က ဆေးရုံမှာ အမှုကိစ္စဆောင်ရွက်နေပြီး ဒီမနက်ထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဒီသတင်းဖြစ်စဉ်ကို အများသိစေအောင် ဓာတ်ပုံ၊ အမည်နဲ့တကွ အ၀တ်အစားဖိုသီဖတ်သီနဲ့ ပက်လက်လဲ ကျ ဒဏ်ရာရသေဆုံးနေပုံတွေ ဦးဦးဖျားဖျားတင်ပြခဲ့တဲ့ Lachid Kachin လူမှုကွန်ရက်စာမျက်နှာပါ ရေး သားချက်မှာ အစိုးရတပ်မှ ရမခ စကခ ၁၆ လက်အောက်ခံ ခမရ ၅၀၃ မှ ဒုတပ်ရင်းမှူး ဦးဆောင်အဖွဲ့က အုပ်စုလိုက် အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ ဒု-တပ်ရင်းမှူး အမည်နဲ့ပါ စွပ်စွဲဖော်ပြထားတာတွေ့ရပါတယ်။
မူဆယ်ဆေးရုံမှာ ဆေးစစ်စဉ် လာရောက်တဲ့ ရဲအရာရှိကြီးက အမှုမှန် ပေါ်ထွက်လာရေးအတွက် ပူးပေါင်း
ဆောင်ရွက်ဖို့ အရပ်သားတွေကို ပန်ကြားတယ်လို့ ကိုဇွာရာက ပြောပါတယ်။
ကိုဇွာရာက “ဒီအမှုမှန်တွေ ပေါ်ထွက်လာအောင် ကြိုးစားရအောင်၊ ခင်ဗျားတို့ဘက်ကလည်း တတ်နိုင်သ
လောက်ကူညီပါ။ ပြီးတော့ အင်တာနက်တွေ ဘာတွေမှာ ဟိုဟာဟုတ်တယ်၊ ဒီဟာဟုတ်တယ်တော့
လျှောက်မလုပ်ပါနဲ့လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က မလုပ်ပါဘူး။ လူတွေက အခုခေတ်က မီဒီယာ
ခေတ်ဆိုတော့ ဆရာရေ သိတဲ့အတိုင်းပဲ” လို့ ပြောပါတယ်။
အသတ်ခံရသူ ကျောင်းဆရာမတဦးဟာ သာလောကြီးကျေးရွာကဖြစ်ပြီး မြစ်ကြီးနားမြို့ရွှေစက်နှစ်ခြင်းအ သင်းတော် ဒုက္ခသည်စခန်းမှာ မိဘများတွေနဲ့အတူ စစ်ရှောင် နေသူဖြစ်ပြီး ကျန်တဦးကတော့ ဝိုင်းမော်မြို့ နယ် ဗေသလနှစ်ခြင်းအသင်းတော်ကဖြစ်တယ်လို့ အဆိုပါ Lachid Kachin လူမှုကွန်ရက်စာမျက်နှာက
ဖော်ပြ ပြီး မိသားစုဝင်တွေဟာ KBC အတွင်းရေးမှုး ဒေါက်တာခလမ်ဆမ်ဆွန်နဲ့အတူ မူဆယ်ဆေးရုံကို လိုက်ပါသွားကြပြီလို့ ဖော်ပြထားပါတယ်။
အေးနိုင် | DVB

မှတ်ချက်များ