ဝန်ထမ်းများ ခရီးသွားနေ့တွက်စရိတ်နှုန်းထား ခေတ်နှင့်ဆီလျော်သည့် နှုန်းထားဖြစ်ရန် စီစဉ်နေဟု ဘဏ္ဍာရေးဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်မှ ပြောကြား

ဝန်ထမ်းများလက်ရှိခရီးသွားနေ့တွက် စရိတ်နှုန်းထားကို ခေတ်နှင့်ဆီလျော် သည့် နှုန်းထားသတ်မှတ်ပေး
နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာလင်း
အောင် မှ ပြောကြားသွားခဲ့သည်။

ယနေ့စတင်ကျင်းပသော ပထမ အကြိမ်ပြည်သူ့လွှတ်တော်(၁၂)ကြိမ် မြောက်ပုံမှန် အစည်းအဝေးပထမနေ့ အစီအစဉ်တွင် ကြံခင်းမဲဆန္ဒနယ်ကိုယ် စားလှယ်ဒေါက်တာတင်မောင်ကြိုင် မှ ဝန်ထမ်းများခရီးသွားရာတွင် သတ် မှတ်ထားသော နေ့တွက်စရိတ်နှုန်း ကျပ် ၁၇ဝဝ အစား ခေတ်နှင့်ဆီလျော် သောနှုန်းထားသတ်မှတ်
ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်ပတ်သက်ပြီး မေး မြန်းမှုအပေါ် ယင်းသို့ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ခရီးသွားစရိတ်တိုးမြှင့်ရေး စဉ်းစားရာတွင် ဌာနများမှ ခရီးသွား အင်အားဖောင်ပွမှုမ ဖြစ်စေရေးအ တွက် ဌာနအကြီးအကဲများအနေ နှင့် ဝန်ထမ်းများတာဝန်ဖြင့်ခရီးသွား ခြင်းသည် အမှန်တကယ်လိုအပ်၍ ခရီး သွားခြင်းဖြစ်သည်ကို စိစစ် ကြပ်မတ်ရန် လိုအပ်ခြင်း၊ နှုန်းထား များအား ဌာနအားလုံးတစ်ပြေးညီဆီ လျော် သည့်နှုန်းသတ်မှတ်ရာတွင် အခြားသော ခံစားခွင့်ရှိသည့်စရိတ် များစသည့် သင်တန်းသားစားသောက် စရိတ်၊ တရားရုံးသက်သေစရိတ်၊ တပ်မတော်ရိက္ခာစိုကြိုတင်ငွေနှုန်းထား စသည့် အသုံးစရိတ်တို့နှင့် ချိန်ညှိ ရန်လိုအပ်ခြင်း၊ နှုန်းထားများပြင် ဆင်သတ်မှတ်မှုကြောင့် သာမန်အသုံး စရိတ်များ တိုးမြင့်လာမည်ဖြစ်ခြင်း
နှင့် ယင်သို့တိုးမြင့်လာပါက ငွေလုံးငွေ ရင်းအသုံးစရိတ်လျှော့ချသုံးစွဲရမည် ဖြစ်ခြင်း၊ ရငွေများကိုတိုးတက် ရှာဖွေ ရန်လိုအပ်ခြင်းတို့ကိုလည်းတွက်ဆ ရန်လိုပါတယ်''ဟု ယင်းက ပြောသည်။

ယင်းကဆက်လက်၍ ''ယခုအခါ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဌာန အဖွဲ့အစည်းအသီးသီးတွင်ဝန်ထမ်း
များတာဝန်ဖြင့်ခရီးသွားရာတွင် ခွင့် ပြုသည့် ခရီးစရိတ်၊ ခရီးသွားနေ့တွက် စရိတ်နှင့် အချိန်ပိုဆောင်ရွက်မှု များအတွက် ကျွေးမွေးစရိတ်စသည့်အသုံး စရိတ်များကို ခေတ်ကာလနှင့်ညီညွတ် စေရန် ပြန်လည် စိစစ် သုံး သပ်နိုင်ရေး အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁-၁ဝ-၂ဝ၁၄ ရက်စွဲပါ စာအမှတ် ဘခ-၃/၂ဝ(၅၁ဝ၅/၂ဝ၁၄) ဖြင့်ဗဟို အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန် ကြီးဌာနများသို့ ၂ဝ၁၃-၂ဝ၁၄ခု၊ ဘဏ္ဍာရေနှစ်နှင့် ၂ဝ၁၄/၁၅ခု၊ ဘဏ္ဍာ ရေးနှစ် ဧပြီလမှ စက်တင်ဘာလအ ထိ သုံးစွဲခဲ့သည့် အသုံးစရိတ်များတောင်း ခံခဲ့ပြီး ဌာန၊ အဖွဲ့အစည်းများမှတောင်း ခံရရှိသည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားသုံးသပ် ၍ လက်ရှိခရီးသွားနေ့တွက် စရိတ် နှုန်းထားကို ခေတ်နှင့်ဆီလျော်သည့်နှုန်း ထားသတ်မှတ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်''ဟုရှင်း လင်းပြောကြားခဲ့သည်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ