ဒီအချိန်မှာ ဘာရယ်လို့မဟုတ် နေ့စဉ်တွေ့မြင်နေရသော ကုန်ပစ္စည်းအမှတ်တံဆိပ်မှာ ကုမ္ပဏီကြီးတွေရဲ့ ခံယူချက်၊ ရည်မှန်းချက်များလည်း ပါဝင်နေတယ်ဆိုတာကို တင်ပြလိုက်ပါတယ်။
၀၁. FedEx
ကမ္ဘာကျော် ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးဖြစ်သော FedEx ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်တွင် ပုံပါအတိုင်း အရှေ့သို့လို့ဖော်ပြထားသော မြှားလေးပါတာကို သိပါသလား။
ဒီအမှတ်အသားလေးကတော့ ရှေ့သို့ဆက်ပြီး ချီတက်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
၀၂. Amazon
Amazon ကတော့ ကမ္ဘာအကြီးဆုံးသော Online Shopping Website ဖြစ်ပြီး ပုံပါအတိုင်း A ကနေ Z လိုချင်တာကို အကုန်လုံး ရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လေးကို ဖော်ကြူးထားပါတယ်။
၀၃. CISCO
ကွန်ပျုတာလုပ်ငန်းနဲ့ ပတ်သက်သောသူကတော့ CISCO ကိုမသိသူမရှိသလောက်ပါ။ သူတို့ကုမ္ပဏီ ကတော့ San Francisco မှာရှိတာကြောင့် မြို့ရဲ့နာမည်ကြီး တံတားဖြစ်တဲ့ Golden Gate Bridge ကို ဂုဏ်ပြုသောအနေဖြင့် တံတားပုံလေးကို နောက်ခံထားပါတယ်။
၀၄. adidas
အားကစားပစ္စည်းတွေကို ထုတ်လုပ်လျက်ရှိသော adidas ကုမ္ပဏီကြီးရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကတော့ အားကစားသမားတွေရဲ့ ကြိုးစားမူဆိုတာ တောင်တက်ရသလိုပဲ။ တဆင့်ပြီးတဆင့် တက်လှမ်းရတယ်ဆိုသော အကြောင်းကို ဖော်ပြထားပါတယ်။
၀၅. LG
LG ကုမ္ပဏီရဲ့ တံဆိပ်ကတော့ ပုံပါအတိုင်း သူ့ကို လှည့်လိုက်ရင် ပြုံးနေတဲ့ပုံလေးအဖြစ်ပြောင်း သွားပါလိမ့် မယ်။ သုံးစွဲသူများ အမြဲတမ်း ပြုံးပျော်နေစေရန် ရည်ရွယ်ထားပါတယ်။
၀၆. Wikipedia
မပြီးသေးသော Puzzle တစ်ခုလိုပါ။ ကမ္ဘာပေါ်မှာရှိသော မသိသေးသောအရာအားလုံးကို တဖြည်းဖြည်း ရှာဖွေပြီး ဖြည့်တင်းသွားရုံသာမက ရှာဖွေခြင်းဆိုတာ မပြီးဆုံးသော ခရီးလို့ ဖော်ပြထားပါတယ်။
၀၇. Formula 1
ပြိုင်ကားပြိုင်ပွဲကြိုက်သူများအတွက်ကတော့ ပြောစရာကို လိုတော့မယ်လို့ မထင်ပါ။ ပုံပါအတိုင်း အမဲရောင် F နဲ့ ညာဘက်က အနီရောင်အမှတ်အသားကြားကို သေသေချာချာကြည့်လိုက်ရင် 1 လို့ပေါ်နေပါလိမ့်မယ်။
၀၈.VAIO
SONY ရဲ့ ကွန်ပျုတာ အမှတ်တံဆိပ်ဖြစ်သော VAIO ရဲ့အဓိပ္ပာယ်ကတော့ Analog နဲ့ Digital ကိုဖော်ပြထားပါတယ်။
၀၉. Coca Cola
Coca Cola တံဆိပ်ထဲကို သေသေချာချာကြည့်လိုက်ရင်တော့ ဒိန်းမတ်နိုင်ငံရဲ့ အလံကိုတွေ့ပါလိမ့်မယ်။
၁၀. McDonald's
Golden Arch ဆိုသော ဒီဇိုင်းကို အခြေခံထားပြီး မိန်းကလေးတွေရဲ့ ဖွံ့ဖြိုးသော ရင်သားနဲ့လည်း တူကြောင့်လို့ ဆိုပါတယ်။
၁၁. Google
အခြေခံအရောင် ၃ ရောင်အပြင် အစိမ်းရောင်ကို ထည့်ထားခြင်း၏ အဓိပ္ပာယ်က သူများနဲ့မတူပဲ ထူးခြား တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
Chelmo Team
မှတ်ချက်များ