အရက်သောက်ပြီး ဆိုင်ကယ်မောင်းနှင်ရာမှ ကားနှင့် တိုက်မိပြီး နှစ်ဦးသေ
နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဥတ္တရသီရိလမ်းခွဲ ပေတောကျေးရွာ အနီးတွင် ဆိုင်ကယ် နှင့်ကားတိုက်မှု ဖြစ်ပွားရာနှစ်ဦး သေဆုံးကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ဧပြီ ၁ဝ ရက် ညနေ ၄ နာရီခန့်က ပေတောကျေးရွာဘက်မှ တပ်ကုန်းဘက်သို့ တင်မောင်စိုး (၁၅)နှစ်၊ သီဟအောင် (၁၅)နှစ်၊ ပိုင်ဇေဖြိုး (၁၅)နှစ် ဆရာစံရပ်ကွက်နေ သူသုံးဦးတို့သည် အရက်သောက် ပြီး ဆိုင်ကယ်ကို လမ်းယာဘက်အစွန် ယာဉ်ကြောမှ မောင်းနှင်နေရာမှ ဂငယ်ကွေ့ချိုးကွေ့လိုက်စဉ် လားရာ တူအတိုင်း အနောက်မှ ယာဉ်မောင်း ဝင်းမင်းစိုး (၃ဝ)နှစ် ကံတောင်ရွာ မိတ္ထီလာမြို့ မောင်းနှင် လာသော တိုယိုတာ ဗာယိုဇာဆလွန်းကားဖြင့် တိုက်မိရာ အခင်းဖြစ်ပွားနေရာ တွင် သီဟအောင်နှင့် ပိုင်ဇေဖြိုးတို့ နှစ်ဦး သေဆုံးပြီး တင်မောင်စိုး (စိုးရိမ်ရ) ဒဏ်ရာများရရှိကာ နေပြည်တော်ခုတင် (၁ဝဝဝ)သို့ ပို့ဆောင်ကုသထားကြောင်း၊ ဆိုင်ကယ်မောင်းနှင်သူ တင်မောင်စိုးအား အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။
တင်ထွန်းတာ(တပ်ကုန်း) - The Mirror Daily
.jpg)
မှတ်ချက်များ