တာလီဘန် ၁၀၄ ဦးကို တစ်နေ့တည်း အာဖဂန်တပ်များချေမှုန်း


အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝန်း၌ ၂၄နာရီအတွင်း စစ်ဆင်ရေး ပြုလုပ် စဉ် တာလီဘန်စစ်သွေးကြွ ၁ဝ၄ ဦးအား သုတ်သင်ချေမှုန်းနိုင်ခဲ့ ကြောင်း အာဖဂန်ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားသည်။

အာဖဂန်တပ်ဖွဲ့ဝင်များနှင့် ရဲ တပ်ဖွဲ့ဝင်များသည် ပြည်နယ်များ ၌ စစ်ဆင်ရေး ဆင်နွှဲခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့ တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန် ထားသည်။

တာလီဘန်များ အကြီးအကျယ် ထိခိုက်ဆုံးရှုံးသော ပြည်နယ်များမှာ ဖာရပ်၊ ဟယ်လ်မန်း၊ ဘက်ဂျစ်နှင့် ကွန်ဒုဇ်ပြည်နယ်များ ဖြစ်ကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြသည်။

အဆိုပါ သေဆုံးသူများတွင် မူလာမီယာအာမက်ဟု လူသိများ သော ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအပါ အဝင် တာလီဘန်တပ်မှူးများလည်း ပါဝင်သည်ဟု ဆိုသည်။

စစ်ဆင်ရေးပြုလုပ်စဉ်အတွင်း တာလီဘန်စစ်သွေးကြွ ၈၉ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ ကြောင်း အဆိုပါကြေညာချက်တွင် ထပ် လောင်းဖော်ပြ သည်။

ကွန်ဒုဇ်ပြည်နယ်မြောက်ပိုင်းမှ လာသော သီးခြားသတင်းတစ်ရပ်တွင် တာလီဘန်စစ်သွေးကြွများ၏ တိုက် ခိုက်မှုကို တန်ပြန်တိုက်ခိုက်ခဲ့ရာ တာလီဘန် ၂၅ဦးနှင့်ရဲအရာရှိ နှစ်ဦး၊ အရပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

Myanmaalinn

မှတ်ချက်များ