ရွေးကောက်ပွဲမှာ မဲပေးကြဖို့ သံချပ်များနဲ့ တိုက်တွန်း
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးကြဖို့တိုက်တွန်းတဲ့ သင်္ကြန်သံချပ် ဖျော်ဖြေပွဲတွေကို မြန်မာလူ ငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ရက်က ရန်ကုန်မြို့တွင်းမှာ ဒီနေ့ကစပြီး လိုက်လံပြုလုပ်နေ ပါတယ်။
ရွေးကောက်ပွဲမဲစာရင်းနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ စိတ်ဝင်စားမှု ပိုမိုရရှိဖို့အတွက် အခုလိုဖျော်ဖြေတာဖြစ် တယ်လို့ မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ရက်အဖွဲ့ဝင် မသီရိထားက ပြောပါတယ်။
“သင်္ကြန်သီချင်းတွေ ဆိုတဲ့အထဲမှာ ကြားညှပ်ပြီးတော့ မဲပေးခြင်းနဲ့ ပတ်သက်တဲ့ဥစ္စာကို သံချပ်အနေနဲ့ဆို တယ်၊ ပြီးတော့သီချင်းလည်းဆိုမယ်၊ လူငယ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ဖို့အတွက် သင်္ကြန်မှာအ လှပြယာဉ်နဲ့ ဆိုတာပါရှင်”
အဲဒီ့ဖျော်ဖြေရေးယာဉ်ဟာ သာကေတ၊ သံလျင်၊ တောင်ဥက္ကလာနဲ့ ရန်ကင်းမြို့တွေမှာ ဒီနေ့ လှည့် လည်ဖျော်ဖြေခဲ့ ပါတယ်။ “ငါတို့အနာဂါတ်ကို ပုံဖော်ဖို့ ငါတို့ ကိုယ်တိုင်မဲပေးစို့” စာတမ်းပါ ဖျော်ဖြေရေး ယာဉ်နဲ့ ရန်ကုန်မြို့ ၂၂ မြို့နယ်မှာ လှည့်လည်ဖျော်ဖြေမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့လမ်းမတော်၊ လသာ၊ ကျောက်တံတားစတဲ့ မြို့နယ် ၁၀မြို့နယ်မှာ မဲပေးခွင့်ရှိသူစာရင်းကို ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ ကြေညာခဲ့ပြီး ကျန်တဲ့မြို့ နယ်တွေမှာလည်း မကြာခင်မှာ ထပ်မံကြေညာမှာ ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/thingyanp-thanchat-urges-election-04132015113430.html
မှတ်ချက်များ