အကြမ်းဖက်မှုမျိုးစုံ ချုပ်ငြိမ်းရေး မန္တလေးမြို့လူငယ်များ သရုပ်ပြ

၂၀၁၅ ဆမ်ဘာဝမ်း သင်္ကြန်ပွဲတော်မြင်ကွင်းတစ်ခု
နှစ်ဟောင်းမှာဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေချုပ်ငြိမ်းဖို့ ရည်ရွယ်ချက်နဲ့ မန္တလေးမြို့က လူစည်ကားတဲ့နေရာတွေမှာ လူငယ် ၅၀ လောက်က ‘ငြိမ်းချမ်းရေးနှစ်သစ်ဆီသို့’ ခေါင်းစဉ်နဲ့ သရုပ်ပြဖျော်ဖြေခဲ့ကြပါတယ်။

ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့အတွက်ရည်ရွယ်ပြီး သင်္ကြန်အကြိုနေ့မှာ ကပြဖျော်ဖြေတာဖြစ် တယ်လို့ သရုပ်ပြပွဲမှာပါဝင်ခဲ့တဲ့ ကိုမိုးမင်းအောင်က ပြောပါတယ်။

“ကုန်ဆုံးသွားတဲ့နှစ်မှာ ဖြစ်ခဲ့သွားတာက ကျောင်းသားရေးရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ လယ်ယာမြေကိစ္စနဲ့ ပတ်သက်တာတွေ ဘာသာရေးပဋိပက္ခကြောင့် ဒီလာမယ့်နှစ်သစ်မှာ အဲ့အရာမျိုးတွေမဖြစ်ရအောင် ကျနော် တို့ငြိမ်းချမ်းတဲ့နှစ်သစ်ကို သွားကြမယ်ဆိုတဲ့ အဲ့ရည်ရွယ်ချက်နဲ့ပါ၊ လူပေါင်း ၃ဝ ကျောက်က ဒီကကွက် တစ်ခုတည်းနဲ့ ကကြတယ်၊ ကပြီးတော့မှ ငြိမ်းချမ်းတဲ့နှစ်သစ်ဆိုတဲ့ ခေါင်းစီးကိုအရင်ဆုံးစတယ်၊ သီချင်းနောက်တစ်ပိုဒ်ရောက်တဲ့အခါ ခန္ဓာကိုယ်အပ်ါပိုင်းမှာဝတ်ထားတဲ့ အဝတ်တွေကိုချွတ်လိုက်တဲ့အခါ ငြိမ်းချမ်းရေးနှစ်သစ်ဆိုတဲ့ လိုဂိုပါတဲ့အင်္ကျီလေးတွေကို အကုန်လုံးတူညီဝတ်စုံကို မြင်ရမယ့်ပေါ့၊ အဲ့ပုံစံမျိုးနဲ့ပေးခဲ့တာ”

မန္တလေးမြို့က လူငယ်တွေစုပေါင်းပြီး ငြိမ်းချမ်းရေး သရုပ်ပြကွက်တွေကို ကပြခဲ့ကြတာဖြစ်ပြီး မနက်ဖြန် သင်္ကြန်အကျနေ့မှာ မန္တလေးကျုံးမြောက်ဘက်မှာ ကပြဖျော်ဖြေကြမှာဖြစ်ပါတယ်။

RFA

မှတ်ချက်များ