သင်္ကြန်အတက်နေ့ သေဆုံးသူ ၁၀ ဦးရှိ


ဧပြီ ၁၆ သင်္ကြန်အတက်နေ့မှာ နိုင်ငံတ၀န်း အမှု ၆၂ ခု ဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေဆုံးကာ ၈၉ ဦးဒဏ်ရာ ရတယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီအထဲမှာ ယာဉ်မတော်တဆမှု ၁၂ ခု ဖြစ်ပွားခဲ့ပြီး ၆ ဦးသေ ၄၀ ဒဏ်ရာရှိခဲ့တဲ့ အတွက် သေဆုံး ဒဏ်ရာရမှု အများဆုံး အမှု ဖြစ်ပါတယ်။

တခြားအမှုတွေထဲမှာတော့ ခါးပိုက်နိုက်မှုက အများဆုံး ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးထဲမှာ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၁၄ ရက်ကနေ ၁၆ ရက်အထိ အမှုပေါင်း ၁၆၇ မှု ဖြစ်ပွားခဲ့သလို သေဆုံးသူ ၁၃ ဦး ရှိပြီး ဒဏ်ရာရသူ ၃၄၀ ဦးရှိပါတယ်။

ဖြစ်ပွားခဲ့တဲ့ အမှုတွေထဲမှာ ယာဉ်မတော်တဆမှုက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

DVB

မှတ်ချက်များ