နိုင်ဟံသာ (မွန်ပြည်သစ်ပါတီ)
| နိုင်ဟံသာ |
“ဒါက တဆင့်ပေါ့ဗျာ။ အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ ရှိပါသေးတယ်။ အဲလိုအပစ်အခတ် ရပ်စဲရေးရပြီး ရင် နိုင်ငံရေး အရ ဆွေးနွေးသွားရ မယ့်အပိုင်းတွေ အရှည်ကြီး ရှိပါသေးတယ်။ ဒါကြောင့် ၂၀၁၅ရွေး ကောက်ပွဲကတော့ ဘယ်လိုမှ မီနိုင်မှာ မဟုတ်ဘူး။ နောက်တခုကတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီ အနေနဲ့ဆိုရင် ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ဆိုတာ လုံးဝ ထည့်မတွက်ထားပါဘူး။
ကျနော်တို့က လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အနေအထား၊ အဓိက အားဖြင့်ကတော့ ကျနော်တို့ နိုင်ငံရဲ့ ဖွဲ့စည်းပုံကိုပြင်ဖို့။ အဓိကအားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံကို တည်ထောင်ဖို့။ အဲဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုသေးတယ်။ နောက်တခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်သေးပဲနဲ့ ဒီပုံစံအတိုင်းဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြောရမယ်ဆိုရင် အချိန်ကာလအရရော အခြေအနေအရရော ဒီ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကျနော်တို့ ဝင်နိုင်တဲ့အနေအထား မရှိသေးပါဘူး။”
ပဒိုကွယ်ထူးဝင်း (အထွေထွေအတွင်းရေးမှူး- ကရင်အမျိုးသားအစည်းအရုံး)
ပဒိုကွယ်ထူးဝင်း (အထွေထွေအတွင်းရေးမှူး- ကရင်အမျိုးသားအစည်းအရုံး)
| ပဒိုကွယ်ထူးဝင်း |
လက်နက်ကိုင်အဖွဲ့အစည်းတခုက နိုင်ငံရေးပါတီ
ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်မယ် ဆိုတာက
တော့ မဖြစ်နိုင်သေးတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက နိုင်ငံရေးပါတီ ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ဆိုတာ လက်ရှိမှာကတော့ မဖြစ်နိုင်သေးတဲ့ အနေအထား ဖြစ်ပါတယ်။”
ဆလိုင်းလျန်မှုန်းဆာခေါင်း (ချင်းအမျိုးသားတပ်ဦး)
ဆလိုင်းလျန်မှုန်းဆာခေါင်း (ချင်းအမျိုးသားတပ်ဦး)
| ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း |
အဲဒီအတွက်ကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်တောင်မှ စာကြမ်းကို သဘောတူတဲ့အဆင့်ပဲ ရှိပါသေးတယ်။ တရားဝင်စာချုပ်ချုပ်နိုင်သေးခြင်း မရှိသေးဘူး။ စာချုပ်ချုပ်ပြီးရင်လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရဦးမယ်။ အဲဒီရလဒ်ကနေပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားပါတယ်။ အဲဒါ မရမချင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပမှာပဲ ရှိနေသေးတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ သေချာတာကတော့ ဝင်ဖို့ မဖြစ်သေးဘူး။”
ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ နာယက)
ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ နာယက)
| ဦးခွန်ဥက္ကာ |
သို့သော်လည်းပဲ မလွဲမရှောင်သာ ၂၀၀၈ အခြေခံမူအောက်မှာ ရွေးကောက်ပွဲဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေ ရှိတယ်။ ညီနောင် အဖွဲ့အစည်းတွေ ရှိတယ်။ သူတို့ကိုလည်းပဲ ဝင်တဲ့အတွက် ကန့်ကွက်မှာတော့ မဟုတ်ဘူး။ တချိန်တည်းမှာပဲ ဒီရွေးကောက်ပွဲဖြစ်စဉ်က ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ လိုအပ်တဲ့ ဖြစ်စဉ်တခု ဖြစ်တာကြောင့် ဒါကိုလည်း အနှောင့်အယှက်အဟန့်အတား ပေးသွားမှာ မဟုတ်ဘူး။ သို့သော် ဒီရွေးကောက်ပွဲမှာတော့ အနှောင့်အယှက်ပေးဖို့ မရှိသလို ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းအနေနဲ့ကတော့ ရွေးကောက်ပွဲလမ်းကြောင်းသွားဖို့တော့ လုံးဝမရှိဘူးလို့ တင်ပြပါရစေ။”
DVB
မှတ်ချက်များ