ဆဲလ်ဖုန်းကို အိတ်ကပ်ထဲ ဘယ်တော့မှ သိမ်းမထားသင့်


ဖုန်းတွေဟာ ကျွန်ုပ်တို့ထင်ထားတာထက် ကျန်းမာရေး အန္တရာယ် ပိုများတယ်။ လျှပ်စစ်သံလိုက် စက်ကွင်းနဲ့ လူ့ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်မှု များစွာရှိတတ်ကြောင်း ရုရှားဆရာဝန်တွေနဲ့ League of Nation’s Health Organisation က သတိပေးထားပါတယ်။

အာရုံကြော ဖွဲ့စည်းမှုစနစ်က အဓိက ဆိုပေမယ့် ဟော်မုန်းဂရင်းနဲ့ မျိုးပွားမှုစနစ်တွေကလည်း ပစ်မှတ်တွေ ဖြစ်တယ်လို့ LNHO ဒုဥက္ကဌ Nikolai Kononov ကပြောပါတယ်။
ဆဲလ်ဖုန်း အသုံးပြုခြင်းကို လုံးဝ မတားမြစ်ပါဘူး။ ဆဲလ်ဖုန်းတွေကြောင့် စုစုပေါင်းလူဦးရေရဲ့ ၇၀%ဟာ လျှပ်စစ်သံလိုက်လိုင်း သင့်ထားတာကြောင့်သာ ဆင်ခြင်နိုင်ဖို့ သတိပေးခြင်းဖြစ်ပါတယ်။
လူ့ခန္ဓာကိုယ်က ဓာတ်ရောင်ခြည်ဖြာထွက်မှုကို တုံ့ပြန်တတ်တယ်လို့ဆိုပါတယ်။

လျှပ်စစ်သံလိုက်လိုင်းဖြာထွက်မှုဟာ အထူးသဖြင့် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ် အရမ်းများပါတယ်။ အချိန်တိုတို ဖုန်းပြောတာ၊ လက်ဖြင့် ကိုင်စရာမလိုတဲ့ ကိရိယာတွေသုံးတာ လျှပ်စစ်သံလိုက်သင့်ခြင်း လျော့ကျစေဖို့ အလွယ်ကူဆုံး နည်းလမ်းတွေဖြစ်ပါတယ်။
ဖုန်းကို အိတ်ကပ်ထဲ ထည့်မသိမ်းပါနဲ့။ အိတ် သို့မဟုတ် ပိုက်ဆံအိတ်တစ်ခုခုထဲ ထည့်ပြီး ကိုယ်အင်္ဂါနဲ့ ဝေးဝေးဖြစ်အောင် ထားပါ။

Trend Myanmar

မှတ်ချက်များ