မသမာမှုများပြုလုပ်သ ဖြင့် စက်မှုဇုန်ထုတ်ကားများယာဉ် အိုယာဉ်ဟောင်း အပ်နှံခွင့် ရပ်ဆိုင်းထားသော်လည်း စည်းမျဉ်း အသစ်များထုတ်ပြန်၍ ပြန်လည် ခွင့်ပြုပါက အက္ခရာစဉ်အလိုက် အပ်နှံခွင့်ပြုသင့်သည်ဟု စက်မှုဇုန်ထုတ်ကားလုပ်ငန်းရှင်များက အကြံပြုပြောကြားသည်။
စက်မှုဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် ပြန် လည်လက်ခံ အပ်နှံခွင့်ပြုခဲ့ပါက သုံးစွဲထားသည့် နှစ်ကာလသက် တမ်းကိုကြည့်၍ ပြန်လည်ခွင့်ပြု မည်ဟု သတင်းများထွက်ပေါ်နေ သဖြင့် စက်မှုဇုန်ထုတ် လုပ်ငန်း ရှင်များက အက္ခရာအလိုက် စီ တန်းပြီး ဇုန်ကားများကို လက်ခံ သင့်သည်ဟု အကြံပြုပြောဆိုခြင်းဖြစ်သည်။
၎ခ၊ ၅ခ၊ ၆ခဟူ၍ ၂၀၁၃ မှစတင်ထုတ်လုပ်ခဲ့သော ကားများကို အစဉ်အလိုက် လက်ခံ လိုက်ပါက ယခုကဲ့သို့ ပြင်ပတွင် ချက်ချင်းထုတ်လုပ်လိုင်စင်ဝင် ယာဉ်အိုယာဉ်ဟောင်းအပ်၍ စ လစ် ထုတ်သည့် မသမာသောလုပ်ငန်းလုပ်ကိုင်သူများ မရှိနိုင် ကြောင်း သာကေတမှ လိုက်ထ ရပ်ကားများထုတ်လုပ်တပ်ဆင် ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ် ဦးကအကြံပြုသည်။
‘‘သူတို့က သုံးစွဲထားတဲ့ နှစ် ကိုကြည့်ပြီး လက်ခံဖို့စီစဉ်ထား တယ်လို့ကြားတယ်။ ဒါဆိုမဖြစ် နိုင်ဘူး။ ဇုန်ကားတွေရဲ့သက်တမ်း က ၁၀ နှစ်ကျော်ကျော်ပဲ ရှိဦးမှာ’’ ဟု ယခင်က မော်တော်ယာဉ် တပ်ဆင်ရေးလုပ်ငန်းများလုပ်ခဲ့ ပြီး ယခုမော်တော်ယာဉ်တင်သွင်း နေသူ မြမြင့်မိုရ်ကားအရောင်းပြ ခန်းပိုင်ရှင်က သုံးသပ်ပြောကြားသည်။
လက်ရှိပြည်ပမှ မော်တော် ယာဉ် တင်သွင်းနေသူများက လည်း စက်မှုဇုန်ထုတ်ကားများ ခွင့်ပြုနေသည့်အစိုးရအပေါ် ဝေ ဖန်လျက်ရှိပြီး ဇုန်ထုတ်လုပ်ငန်း များရပ်ဆိုင်းသင့်သည်ဟု မကြာခဏပြောဆိုကြသည်။
စက်မှုဇုန်ထုတ်လုပ်ငန်းများရပ်ဆိုင်းလိုက်ပါက ယခုကဲ့သို့ ဇုန်ထုတ် ယာဉ်အိုယာဉ်ဟောင်းပြဿနာပါချုပ်ငြိမ်းသွားနိုင်သည်ဟု မှတ်ချက်ပြုကြသည်။
စက်မှုဇုန်ထုတ် ကားများ ယာဉ်အိုယာဉ်ဟောင်းအပ်နှံခွင့် ကို ရပ်ဆိုင်းထားသော်လည်း ယခု ဧပြီလကုန်တွင် ပြန်လည်လက်ခံ ဖွယ်ရှိသည်ဟု ကားလောကတွင် သတင်းများထွက်ပေါ်နေပြီး ၁၀ နှစ်အထက်ကားများကို လက်ခံ မည်ဖြစ်ကြောင်း ထင်ကြေးပေး ပြောဆိုနေကြသည်။
လက်ရှိတွင် ဇုန်ကားများ အပ်နှံခွင့် ရပ်ဆိုင်းလိုက်သော ကြောင့် ပြင်ပတွင် စလစ်တစ် စောင်လျှင် ကျပ်သိန်း ၆၀ အထိပေါက်ဈေးရှိနေကြောင်း သိရသည်။
7Day Daily
မှတ်ချက်များ