ခန္ဓာကိုယ်တွင်းတစ်ခုလုံး ဆေးကြောသန့်စင်ပေးမယ့် စွမ်းအားပြည့် အချိုရည်


ခုဖော်ပြပေးမယ့် အချိုရည်က သင့်ခန္ဓာကိုယ်ကို လုံးဝအသစ်ဖြစ်လာမှာတော့ မဟုတ်ပေမယ့် အထပ်ထပ် စုစည်းစုပုံထားတဲ့ အဆိပ်တွေ အားလုံးကိုတော့ ရှင်းလင်းပေးသွားပါလိမ့်မယ်။
လိုအပ်သော ပစ္စည်းများ

ရေသန့် (၂) လီတာ

လီမွန်သီး (၁) လုံး (သို့) သံပုရာသီး (၂) လုံး

လတ်ဆတ်တဲ့ သခွားသီး (၁) လုံး

ပူစီနံ (၁၀) ရွက်ပြင်ဆင်ခြင်း

သခွားသီးနဲ့ လီမွန်သီးကို ရေကောင်းကောင်းဆေးပြီး အချပ်လိုက်ပါးပါး လှီးပါ။ အဲဒီနှစ်ခုကို ကောင်း စွာရောစပ်ပြီးပြီဆိုရင် ပူစီနံရွက်ပေါင်းထည့်လိုက်ပါ။ အဲဒီသုံးမျိုးပေါင်းစပ်လိုက်ပြီဆိုရင်တော့ ရေ (၂) လီတာ ပမဏအေးဆေး ဆန့်မယ့် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲ အအေးခံပြီး သောက်လို့ရပါပြီ။

Trend Myanmar

မှတ်ချက်များ