ဆယ်လ်ဖီတုတ်တံကို ပထမဆုံး အကြိမ် အသုံးပြုခဲ့တဲ့ ဒေးဗစ်ကင်မရွန်း
ဗြိတိန်ဝန်ကြီးချုပ် ဒေဗစ်ကင်မရွန်းဟာ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးမှုကို အလွန်ဝါသနာ ပါသူ ဖြစ်ပါတယ်။ ဒေးဗစ်ကင်မရွန်းဟာ ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ကူးမှု အကြိမ်ပေါင်း များစွာ ရိုက်ခဲ့ပေမယ့် ဆယ်လ်ဖီတုတ်တံနဲ့ ရိုက်ကူးမ ကိုတော့ ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ တယ်လို့ သိရ ပါတယ်။ ဒေးဗစ်ကင်မရွန်းဟာ ကွန်ဝေါလ် အရပ်ဒေသကို သွားရောက်ခဲ့ ပြီးနောက် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးမှု ခဲ့ရာမှာ ဆယ်လ်ဖီ တုတ်တံကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ဒေးဗစ် ကင်မရွန်းဟာ ပိုင်းရပ် အက်ဖ်အမ် အသံလွှင့်ဌာနကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပြီး ဆယ်လ်ဖီတုတ်တံနဲ့ ဓာတ်ပုံရိုက်ကူးနိုင်ဖို့ တုတ်တံကို ချိန်ရာမှာ ရယ်မောစရာ ဖြစ်ခဲ့ပါတယ်။ အက်ဖ်အမ်ရုံး ၀န်ထမ်းတွေဟာ ဒေးဗစ်ကင်မရွန်း ဓာတ်ပုံ ရိုက်ကူးမှု ပြုလုပ်ပုံကို သဘောကျခဲ့ပြီး ရယ်မော ပျှော်ရွှင်ခဲ့ကြ ပါတယ်။ ဒေးဗစ်ကင်မရွန်းဟာ အင်္ဂလန် အနောက်တောင် အရပ်ကို သွားခဲ့ရာမှာ ရထားကို အသုံးပြု ခဲ့ပြီး ရထား ပေါ်မှာ ညအိပ်ခဲ့ တယ်လို့ ဆိုထားပါတယ်။
ဒေးဗစ်ကင်မရွန်းဟာ ဆယ်လ်ဖီး တုတ်တံနဲ့ ဓာတ်ပုံရိုက်ကူးရာမှာ သာမန်လူတစ်ဦး ကဲ့သို့ နေထိုင်ခဲ့ပြီး ၀န်ကြီးချုပ် ဆိုတဲ့ ရာထူးကို မေ့ထားကာ လိုက်လျော ညီထွေမှု ရှိအောင် ပြု မူခဲ့တာကြောင့် ချီးကျူးခြင်း ခံခဲ့ရ ပါတယ်။ ဒေးဗစ်ကင်မရွန်းဟာ ဆယ်လ်ဖီ တုတ်တံနဲ့ ဓာတ်ပုံ ရိုက်ကူးရာမှာ လက်မထောင်ထား ခဲ့တယ်လို့ ဆိုပါတယ်။
messenger


မှတ်ချက်များ