အသက်ကြီးသူတွေ အထိုင်များပါက နှလုံးရောဂါ ဖြစ်နိုင်ချေနှုန်းမြင့်
လေ့လာတွေ့ရှိချက်အသစ်တွေအရ အသက်ကြီးတဲ့ အမျိုးသားတွေအနေနဲ့ အချိန်အတော်များများကို ထိုင်နေခြင်းဖြင့် ကုန်ဆုံးလျှင် နှလုံးအားနည်းတဲ့ ရောဂါနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
ဒီစမ်းသပ်ချက်ထဲမှာ အသက် ၄၅နှစ်မှ ၆၉နှစ်အတွင်းရှိ အမျိုးသားပေါင်း ၈၂၀၀၀ ပါဝင်ပါတယ်။ သူတို့ကိုလေ့လာကြည့်တဲ့အခါ အလုပ်ချိန်ပြင်ပရဲ့ အားလပ်ချိန်တွေမှာတောင် အထိုင်များတတ်တဲ့ အမျိုးသားတွေအနေနဲ့ လုံးအားနည်းမှု ဖြစ်ပွားနှုန်းတွေ မြင့်တက်လာတာကို တွေ့ရပါတယ်။
ကြာရှည်ထိုင်တတ်သူတွေဟာ လေ့ကျင့်ခန်း လုပ်ပေမယ့်လည်း အားနည်းမှုကတော့ ဆက်လက်ဖြစ်ပေါ်နေ တယ်လို့ တောင်ပိုင်းကယ်လီ ဖိုးနီးယားမှ Kaiser Permanente အဖွဲ့အစည်းမှ သုတေသနာတွေက ထုတ်ပြန်ထားပါတယ်။
သုတေသနပညာရှင် Deborah Rohm Young က တစ်နေ့ကို အနည်းဆုံး ငါးနာရီထိုင်တဲ့ သူတွေဟာ တစ်နေ့ကို နှစ်နာရီလောက်သာ ထိုင်တဲ့သူတွေထက် နှလုံးကျဆုံးအားနည်းခြင်း ဖြစ်ပွားရန် ၃၄ ရာခိုင်နှုန်း ပိုမိုမြင့်မားစေတယ်လို့ဆိုပါတယ်။
Trend Myanmar

မှတ်ချက်များ