အွန်လိုင်းမှာချစ်ကျွမ်းဝင်ခဲ့တဲ့ တရုတ်အမျိုးသမီးကို လာရောက်ရှာဖွေတဲ့ ကနေဒါအမျိုး သား
အသက် ၆၀ နှစ်အရွယ် ကနေဒါအမျိုးသားတစ်ဦးက အွန်လိုင်းမှာ ချစ်ကြိုက်မိသော ကောင်မလေးရဲ့ ဓာတ်ပုံကိုလည်ပင်းမှာဆိုင်းပုဒ်လုပ် ချိတ်ဆွဲပြီး တရုတ်နိုင်ငံမြို့တော် ရှီဇန်းတစ်ဝိုက် အနှံ့ ဟိုဟိုသည်သည် လှည့်ပတ်ရှာဖွေနေပါတယ်။
ဂျိတ် လို့အမည်ရ အဆိုပါ အမျိုးသားက လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက အင်တာနက်စာမျက်နှာမှာ ရီလီအမည်ရှိ အသက် ၄၅ နှစ် အရွယ် တစ်ခုလပ်စက်ရုံအ လုပ်သမ တရုတ် အမျိုးသမီးတစ်ဦးနဲ့ စကားပြော ခင်မင်လာခဲ့ကြရာကနေ ချစ်ကျွမ်း ဝင်ပြီးသမီးရည်းစားဘဝကို ရောက်ခဲ့တာပဲဖြစ်ပါတယ်။
ဒီလိုနဲ့ လပေါင်းအတော်ကြာ အချစ်ဇာတ်လမ်းတွေ ခင်းခဲ့ကြပြီးနောက်မှာတော့ ယင်း အမျိုးသမီးနဲ့ ရုတ်တရက် အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပါတော့တယ်။ ထို့ အတွက်ကြောင့် ကနေဒါ အမျိုးသား ဂျိတ်က မနေသာတော့တဲ့အဆုံး တရုတ်နိုင်ငံ ဆီသို့ ချစ်သူပျောက်ရှာဖွေခရီးထွက်လာခဲ့ပါတော့တယ်။ သူ့အတွက် ကံမကောင်းတာ က သူ့ရဲ့ချစ်သူအမျိုးသမီးရဲ့ မျက်နှာကိုသာမြင်ဖူးပြီး အမည်ရင်းနဲ့ နေရပ်လိပ်စာတို့ကို မသိတာကြောင့် အခက်တွေ့နေတာပဲဖြစ်ပါတယ်။
ဖိုးသူတော်


မှတ်ချက်များ