Goodbye Mother


လူငယ်တစ်ယောက် စူပါ မားကက် တစ်ခု အတွင်း လှည့်လည်၍၀ယ်ယူမည့် ပစ္စည်းများကို လိုက်ကြည့်နေစဉ် အဖွားအိုတစ်ယောက်သူနောက်သို့ တစ်ကောက်ကောက်လိုက်ကာ သူ့ကို သေချာကြည့်နေသည်
ကို သတိထားလိုက်မိသည်။ သို့သော် သူသည် သူမကို မေ့ထားလိုက်ကာ သူလုပ်စရာရှိသည်များကို ဆက်လုပ်နေမိသည်။ သိပ်မကြာလိုက်ချေ။သူ့ရှေ့သို့ အဖွားအို ရောက်လာသည်။ သူနှင့် စကားအနည်းငယ်ပြောသည်။

“ခွင့် လွှတ်ပါ သူငယ် ရယ်။ မင်းကို အဖွားလိုက်ကြည့်နေတာ ။ မင်းဟာမကြာသေးမီက ဆုံးသွားတဲ့ အဖွား သားလေးနဲ့ တူလွန်းလို့ပါ။ မင်းကိုမြင်လိုက်ရတဲ့အချိန် သားလေးကို သိပ်သတိရ လိုက်တာ။”

“အို ဟုတ်လား။ ကျနော်တောင်းပန်ပါတယ်နော်။ ဒါနဲ့ ကျနော်ဘာကူညီရမလဲ။ အားမနာပါနဲ့ ပြောပါ။”

“ဒါဆို သား ဒီလို ကူညီပေးပါလား။ အဖွား ကောင်တာက ထွက်ရင်ဂွတ်ဘိုင် မေမေ လို့ နှုတ်ဆက်ပါလား။ အဖွားသားလဲဒီလိုပဲ နှုတ်ဆက်နေကြပဲ။ ဒီလိုဆို အဖွားလေ သိပ်နေသာထိုင်သာရှိသွားမှာပဲ”

“ဟုတ်ကဲ့ ကျနော်အသေအချာကူညီပါ့မယ်”

သို့နှင့် ကောင်တာသို့ အဖွား က အရင်ရောက်သည်။ သူမ၀ယ်ယူမည့်ပစ္စည်းများကို ကောင်တာပေါ်တွင်တင်ပေးလိုက်သည်။ အရောင်းစာရေးနှင့် စကားတီးတိုးပြောက အဖွားအိုသည် သူမ၏ ပစ္စည်းများနှင့် အတူ
ထွက်ခွါသွားသည်။ လူငယ်က အဖွားအိုကို လှမ်းနှုတ်ဆက်လိုက်သည်။

“ဂွတ်ဘိုင် . . မေမေ . . နောက်မှ တွေ့မယ်နော်”

အဖွားအိုက လက်ပြ၍ ဆက်လက်ထွက်ခွါသွားသည်။
လူငယ်လည်း ကောင်တာပေါ်သို့အရောက် သူဝယ်ထားသည့် ပစ္စည်းများကိုတင်လိုက်သည်။ စာရေးက ငွေစာရင်းကို တွက်ချက်၍ လူငယ်အားလှမ်းပေးလိုက်သည်။ လူငယ် က ငွေစာရင်းကို ကြည့်၍ အံ့သြစွာ
 စာရေးကိုပြန်ကြည့်သည်။

“ဘယ်လိုဖြစ်တာလဲ ကျနော်ဝယ်တဲ့ ပစ္စည်းက နည်းနည်းလေးပါ။ ဒီမှာဒေါ်လာ ၃၀၀ တောင်ကျနေပါလား။ ဘာများမှားနေလဲ ပြန်စစ်ကြည့်ပေးပါအုံး။”

“စောစောက ခင်ဗျားအမေ ယူသွားတဲ့ ပစ္စည်းတွေ ခင်ဗျားပေါင်းရှင်းလိမ့်
မယ်ဆိုလို့ အဲဒါအတွက် ပါ ပေါင်းတွက်ထားတာပါ။ မမှားပါဘူးခင်ဗျ။”

“အမ် !!!!!”

KZO - ခင်ဇော် ဦး

မှတ်ချက်များ