အမျိုးသားတွေ သိထားသင့်တဲ့ မိန်းကလေးတွေရဲ့ စကားအသုံးအနှုန်းနဲ့ အထာများ


မိန်းကလေးတွေဟာ တစ်ခါတစ်လေ လျှို့ဝှက် မျိုသိပ်တတ်သူတွေပါ။ သူတို့ တိုက်ရိုက်ဖွင့်ပြောရမှာထက် တစ်ဖက်လူက ကိုယ့်ကိုပြောချင်မေးစေချင်ကြတာမျိုးတွေ ရှိပါတယ်။ ဒီတော့ မိန်းကလေးတွေရဲ့စကား အသုံးအနှုန်းတွေကို ကြည့်ပြီး သူတို့ဘယ်လို အထာပေးတယ်ဆိုတာ ကြည့်လိုက်ရအောင်။

၁။ ငါ နင့်ကို မခေါ်တာဟာ… နင်ငါ့ကိုခေါ်ဖို့ စောင့်နေတာပါ။

၂။ ငါစိတ်ဆိုးဒေါသထွက်ပြီး နင့်ဆီက ထွက်သွားတဲ့အခါ… ကျေးဇူးပြု၍ ငါ့နောက်ကနေ လိုက်လာပါ။

၃။ ငါနင့်ကို တွန်းထုတ်ပြီး ထိမိတဲ့အခါ… ငါ့ကို လှမ်းဆွဲပြီး ထွက်သွားခွင့် မပေးပါနဲ့။

၎။ ငါမင်းကို မသိချင်ယောင်ဆောင်နေတဲ့အခါ… ဂရုစိုက်မှုကို ပေးပါ။

၅။ ငါနင့်ကို မုန်းတယ်ပြောတဲ့အခါ… ငါတော့ နင့်ကို ချစ်တယ်လို့ ပြောပေးပါ။

၆။ ငါချမ်းတယ်ပြောတဲ့အခါ… ငါ့ကို တင်းတင်းဖက်ထားပေးပါ။

၇။ ငါ နင့်ကို ကလိထိုးတဲ့အခါ… ငါ့ကိုလည်း ပြန်ကလိထိုးပေးပါ။

၈။ ငါ နင့်ကို တစိမ့်စိမ့်ကြည့်နေတဲ့အခါ… ငါအနမ်းတစ်ပွင့် လိုချင်တာပါ။

၉။ ငါ ငိုလိုက်မှာနော်…ပြောအခါ… နင့်အစားငါ ငိုကြွေးပေးနိုင်တယ်လို့ ပြောပေးပါ။

၁၀။ ငါလက်လျော့ အရှုံးပေးတဲ့အခါ တို့နှစ်ယောက်အတွက် ငါတိုက်ပွဲဝင်ပါမယ်လို့ ပြောပြပါ။

Trend Myanmar

မှတ်ချက်များ