ပြည်မြို့တွင် အမျိုးသမီးနှစ်ဦးအား တရုတ်ဇနီးအဖြစ် ရောင်းစားသော အမျိုးသမီးသုံးဦးကို အမှုဖွင့်
ပြည်မြို့၊ ရွာဘဲရပ်ကွက်မှ အမျိုးသမီးငယ်နှစ်ဦးအား တရုတ် နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခဲ့သော အမျိုးသမီးသုံး ဦးကို ပြည်မြို့မရဲစခန်းကလူကုန် ကူးမှုတားဆီးရေးအက်ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံတွင် ဇနီးမယား အဖြစ် ရောင်းစားရန် လူကုန်ကူး ခဲ့သူ အသက် (၂၅) နှစ်အရွယ် မမွန်သူကို ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးနေပြီး အခြားအမျိုးသမီး နှစ်ဦးကို ဆက်လက်ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိသည်။
ဖေဖော်ဝါရီကအသက်(၂၁) နှစ်နှင့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးနှစ်ဦးကို ထမင်းဆိုင် တွင် အလုပ်လုပ်ရမည်ဟုဆိုကာ ပြည်မြို့နေ မမွန်သူ(ခ)မဇင်မွန်သူ နှင့် မိုင်းရှူးမြို့နေ မချောစုတို့က စည်းရုံးခဲ့ခြင်းဖြစ်သည်။
ယင်းနောက် မချောစုသည် အဆိုပါမိန်းကလေးနှစ်ဦးကို ငွေ ကျပ်ငါးသောင်းစီပေးကာ ခေါ် ဆောင်သွားခဲ့ပြီး တရုတ်နိုင်ငံ နယ်စပ်၊ တန့်ယန်းမြို့ရှိ မအိမွန် ထံသို့တရုတ်ယွမ်ငွေ ၆၀,၀၀၀ ဖြင့် ရောင်းချခဲ့ကြောင်း၊ ရောင်းချခံရ သည့် မိန်းကလေး တစ်ဦးက တရုတ်ဇနီးမယားအဖြစ် ရောင်းချ ကြောင်း သိရှိ၍ ထွက်ပြေးလွတ် မြောက်ခဲ့ခြင်းဖြစ်ကြောင်း ပြည် မြို့မရဲစခန်းမှ သိရသည်။
‘‘ထမင်းဆိုင်မှာ အလုပ်ရ မယ်။ တစ်လခြောက်သိန်းလောက် ရမယ်ဆိုပြီး ခေါ်သွားတယ်။ ဟို ရောက်တော့ တရုတ်အငှားမယား လုပ်ရမယ်ဆိုတာ သိရတော့ တစ် ဦးက ထွက်ပြေးလွတ်မြောက်လာ တယ်။ လွတ်လာတဲ့မိန်းကလေး ပြောစကားအရ တရုတ်ပြည်မှာ ကျန်ခဲ့တဲ့မိန်းကလေးကို ပြန်ခေါ် ဖို့ မိခင်ဖြစ်သူက မမွန်သူနဲ့ ဆက် သွယ်ခဲ့တယ်။ ဒါပေမဲ့ သမီးဖြစ်သူ နဲ့အဆက်အသွယ်မရတာကြောင့် ခုလို အမှုလာဖွင့်တာ’’ ဟု ပြည် မြို့မ ရဲစခန်းမှ ရဲအရာတစ်ဦးက ပြောသည်။
ထမင်းဆိုင်တွင် အလုပ်လုပ် ရမည်ဟုဆိုကာ တရုတ်နိုင်ငံသို့တရုတ်ဇနီးမယားအဖြစ် ရောင်း စားသူ မမွန်သူ(ခ) မဇင်မွန်သူ၊ မချောစု၊မအိမွန်တို့ကို ရောင်းစား ခံရသော မိန်းကလေး၏မိခင်က တရားလိုပြုကာ ဧပြီ ၂၂ ရက်တွင် တိုင်ကြားခဲ့သဖြင့် ပြည်မြို့မရဲစ ခန်းက လူကုန်ကူးမှု ကာကွယ်ရေး နှင့် တားဆီးရေး ပုဒ်မ-၂၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
7day daily
မှတ်ချက်များ