ဆီးရီးယားအရေးနဲ့ပတ်သက်လို့ ကုလလုံခြုံရေးကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဂျိုလီ


ဟောလိဝုဒ်သရုပ် ဆောင်မင်းသမီးနှင့် ကုလသမဂ္ဂ အထူးသံတမန်အန်ဂျလီနာဂျိုလီ သည် ဧပြီ ၂၄ ရက်တွင် ကုလ သမဂ္ဂလုံခြုံရေးကောင်စီအစည်း အဝေး၌ ဆီးရီးယားဒုက္ခသည်များ အရေးကိစ္စနှင့်ပတ်သက်၍ မိန့် ခွန်းပြောကြားခဲ့သည်။

ဆီးရီးယားဒုက္ခသည် သန်း ပေါင်းများစွာအတွက် အရေးပေါ် အကူအညီများပေးကြရန် ဂျိုလီ က မေတ္တာရပ်ခံခဲ့ပြီး ဆီးရီးယား ပြည်တွင်း စစ်အဆုံးသတ်စေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပျက်ကွက်မှုကို အပြင်းအထန်ဝေ ဖန်ခဲ့သည်။

‘‘ကုလသမဂ္ဂရဲ့ရည်ရွယ် ချက်က ပဋိပက္ခကို တားဆီးပေး ဖို့၊ ပဋိပက္ခကို အဆုံးသတ်စေဖို့၊ နိုင်ငံအားလုံးစုစည်းပြီး သံတမန် ရေးအရ အဖြေရှာဖို့နဲ့ လူ့အသက် တွေကို ကယ်ဆယ်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားကိစ္စမှာတော့ ဒီလိုမလုပ်နိုင်ကြပါဘူး။ နိုင်ငံ တကာအသိုင်းအဝိုင်းထဲမှာ သဘောထားကွဲလွဲနေမှုနဲ့ ချီတုံချ တုံဖြစ်နေမှုတွေဟာ ဆီးရီးယား ပြဿနာကို ပိုဆိုးလာစေပါ တယ်’’ဟု ဂျိုလီက ပြောကြား သည်။

ဆီးရီးယားအရေးကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ၌ အနောက်အင်အားကြီးနိုင်ငံများ က တစ်ဖွဲ့၊ တရုတ်နှင့် ရုရှားတို့ က တစ်ဖွဲ့ဖြစ်နေပြီး သဘောထား ကွဲလွဲနေကြသည်။

ဆီးရီးယားဒုက္ခသည်စခန်း များသို့ (၁၁)ကြိမ်တိုင် သွားရောက်လေ့လာခဲ့ပြီး ဒုက္ခသည်များအား အားပေးနှစ်သိမ့်ဖူးသော ဂျိုလီက လုံခြုံရေးကောင်စီအနေဖြင့် ဆီးရီးယားပြဿနာကို ညီညီညွတ်ညွတ် ဖြေရှင်းကြရန်နှင့် အိမ်နီးချင်းနိုင်ငံ များ၌ ခိုလှုံနေသော ဆီးရီးယား ဒုက္ခသည်များအတွက် အကူအညီများပေးကြရန် မေတ္တာရပ်ခံခဲ့ သည်။ လုံခြုံရေးကောင်စီအဖွဲ့ဝင် များအနေဖြင့် ဆီးရီးယားဒုက္ခ သည်များထံသို့ ကိုယ်တိုင်သွား ရောက်ပြီး ပြဿနာကို လေ့လာ ကြရန် ဂျိုလီက တိုက်တွန်းပြော ကြားသည်။

7 Day Daily

မှတ်ချက်များ