MTVတစ်ပါတည်း ထွက်မယ့် ဆုပန်ထွာရဲ့ ဒုတိယဂီတခြေလှမ်း
ဒုတိယတစ်ကိုယ်တော် ခွေကို အမ်တီဗီပါတစ်ပါတည်း ထွက်ရှိရန် စီစဉ်နေကာ သီချင်း အေးအေးလေးများအများဆုံးပါ ၀င်မည်ဟု သရုပ်ဆောင်ဆုပန် ထွာကပြောသည်။
အဆိုပါအခွေ၌ အမေရိက သို့ မင်္ဂလာပွဲပြုလုပ်ရန် သွား ရောက်ချိန်တွင် ရိုက်ကူးခဲ့သည့် သီချင်းသုံးပုဒ်ပါဝင်မည်ဖြစ်ပြီးဖိုးကာရေးပေးထားသည့် သီချင်း တွင် ခင်ပွန်းဖြစ်သူကိုဥက္ကာကျော် နှင့်အတူ တွဲဖက်သရုပ်ဆောင် ထားသည်ဟု ဆုပန်ထွာက ဆို သည်။
‘‘အမေရိကားကိုလက်ထပ် ဖို့သွားတုန်းက MTVသုံးပုဒ်ရိုက် ကူးခဲ့တယ်။ အခုအခွေက တော် တော်ပြီးစီးနေပြီ။ ဒုတိယအခွေမှာ တော့ သီချင်းအေးအေးလေးတွေ ပိုများမယ်။ ဒါပေမဲ့လည်း ပရိ သတ်နားစွဲလွယ်မယ့် သီချင်းလေး တွေရွေးချယ်ထားပါတယ်’’ဟု ၎င်းကပြောသည်။
၂၀၁၁ တွင် ပထမတစ် ကိုယ်တော်ခွေ ‘မတည့်အတူနေ’ ထွက်ရှိခဲ့ပြီး ဒုတိယခွေကို သုံး နှစ်ကျော်အချိန်ယူခဲ့ကြောင်း ဆု ပန်ထွာကဆိုသည်။
ဒုတိယတစ်ကိုယ်တော်ခွေ ကို နာမည်မပေးရသေးသော် လည်း ယခုနှစ်အတွင်းထွက်ရှိရန် စီစဉ်လျက်ရှိပြီး စီဒီနှင့်အတူ အမ် တီဗီတစ်ပါတည်းထွက်ရှိမည်ဟု ၎င်း ကဆိုသည်။
‘‘လတ်တလောကတော့ ဆိုင်လုပ်ငန်းရယ်၊ မေမြို့မှာကား ရိုက်တွေရယ်ရှိတယ်။ ရုပ်ရှင်ကား ကြီးအနေနဲ့က ပြောထားတာတွေ ရှိတယ်။ ဇာတ်လမ်းအရင်ဖတ်ပြီး မှ လက်ခံရိုက်ပေးရမှာပါ’’ဟု ဆု ပန်ထွာကပြောသည်။
ဆုပန်ထွာသည် ခင်ပွန်း သည် ကိုဥက္ကာကျော်နှင့်အတူ ဆေးလိပ်ဖြတ်လိုသည့် လူငယ်များအ တွက် ဆေးလိပ်အစားထိုးအသုံး ပြုသည့် ရေငွေ့သုံးဆေးလိပ်ဆိုင် လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
7 Day Daily

မှတ်ချက်များ