“A Little More” ဗီဒီယို ကို ကိုယ်တိုင် ဒါရိုက်တာ လုပ်ရိုက်ကူးခဲ့တဲ့ Machine Gun Kelly
Cleveland မြို့သား Machine Gun Kelly ရဲ့ နောက်ဆုံးထွက်တဲ့ Single ဗီဒီယို “A Little More”ထဲမှာတော့ မိန်းမပျိုလေးတစ်ယောက်ဟာ သူမရဲ့ လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးပြီး ကိုယ့်ကိုကိုယ် သတ်သေတဲ့ ဇာတ်ကွက်တွေကို တွေ့မြင်ရမှာပါ။
“အဲဒါဟာ ကျွန်တော့် မျက်လုံးထဲမှာမြင်နေရတဲ့ ကမ္ဘာကြီးကို အခြေခံထားတာပါ။ လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ချပြထားတာပါ” လို့ Machine Gun Kelly က MTV သတင်းဌာနကိုပြောပြခဲ့ပါတယ်။
“ကောင်မလေးဟာ လမ်းလယ်ခေါင်မှာ သေနေတဲ့အခါမှာ သင်ဟာ သူ့ကို အရမ်း စိတ်ဝင်စားသွားမယ်။ သင့်ပတ်ဝန်းကျင်က လူတွေကို အကူအညီ လှမ်းတောင်းဖို့မျှော်လင့်လိုက်ပြီး သင်ကြည့်လိုက်တဲ့အခါမှာ အားလုံးက သူတို့ရဲ့ ဆဲလ်ဖုန်းတွေ ထုတ်ပြီး အလုပ်ရှုပ်နေကြတာကို ပြောချင်တာပါ” လို့Machine Gun Kelly က ရှင်းပြပါတယ်။
ထို ဗီဒီယိုဟာ MGK ကိုယ်တိုင် ဒါရိုက်တာ လုပ်ထားတဲ့ ဗီဒီယိုဖြစ်ပြီး အရင်ကတည်းကလည်း သူ ကိုယ်တိုင် ထိုတာဝန်တွေကို ယူခဲ့တဲ့ အကြောင်းတွေကို အခုလို ပြောပြခဲ့ပါတယ်။
“ကျွန်တော် အမြဲတမ်း ဗီဒီယိုတွေအတွက် ဇာတ်လမ်းတွေကို ကိုယ်တိုင်ရေးပါတယ်။ ကိုယ်တိုင်လည်း edit လုပ်ပါတယ်။ ကိုယ်တိုင် ဒါရိုက်တာ လုပ်တာနဲ့တော့ သိပ်မကွာတော့ပါဘူး။ ဒါဟာကျွန်တော့်အတွက် အရမ်းလွယ်ကူတဲ့ ကိစ္စပါ။ ကျွန်တော် အရမ်းအဆင်ပြေတဲ့ နည်းလမ်းကိုသုံးခဲ့ပါတယ်။ ကျွန်တော့် ကင်မရာက လှုပ်နေတဲ့ Documentary ပုံစံ မျိုးပါ” လို့ Machine Gun Kelly က သူ ဒါရိုက်တာ လုပ်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ