ပရိသတ်တွေကြား ခုန်ချပြီးပွဲခံတဲ့ Steve Aoki ပရိသတ်တစ်ယောက် ကို နာကျင်စေခဲ့တဲ့အတွက် တရားစွဲဆိုခံရ


တစ်ကယ်တော့ EDM ပညာရှင် Steve Aoki ဟာ ပရိသတ်တွေကြား ခုန်ချပြီးပွဲခံတဲ့ သူ့ရဲ့Crowdsurfing တင်ဆက်မှုတွေကြောင့် အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်ပါ။

အခုတော့ သူ့ရဲ့ နာမည်ကြီးစေတဲ့ တင်ဆက်မှု က တရားစွဲခံရဖို့ဖြစ်လာခဲ့ပါပြီ။

၂၀၁၂ ခုနှစ်မှာတုန်းက San Diego မြို့မှာ ပြုလုပ်တဲ့ EDM ဖျော်ဖြေပွဲ တစ်ခုမှာ Steve Aoki ဟာ ထုံးစံအတိုင်း စင်ပေါ်ကနေ ပရိတ်သတ်တွေကြားထဲ ခုန်ချပြီး Crowdsurfing ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Steve Aoki ဟာ Brittany Hickman လို့ခေါ်တဲ့ ပျော်ပွဲရွှင်ပွဲ ပရိတ်သတ် တစ်ယောက်အပေါ်ကို ခုန်ချမိခဲ့ပြီး ထို Hickman ဆိုသူက Steve Aoki ရဲ့ Crowdsurfing ကြောင့် သူ့ရဲ့ လည်ပင်းနဲ့ လက်ကောက်ဝတ် တွေအရိုးကျိုးသွားခဲ့တယ်လို့ အခိုင်အမာ ဆိုနေပါတယ်။

Hickman က 10 News သတင်းဌာန ကို “ကျွန်တော်က ပရိတ်သတ်တွေအလယ်မှာ ညပ်နေရတာပါ။ ပြီးတော့ ကျွန်တော် ရပ်နေတဲ့ ဘက်ကို သူက Crowdsurfing လုပ်လာပါတယ်။ အဲဒီမှာ အပေါ်စီးကကြည့်နေတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကလည်း ကျွန်တော့်ခေါင်းကို ထိမိသွားတာမြင်လိုက်ပါတယ်။ကျွန်တော်လည်း လဲကျသွားပါတယ်။ သင့်ရဲ့ ဘ၀ဟာ လူတစ်ယောက်ရဲ့ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ကြောင့်ပြောင်းသွားနိုင်တယ်” လို့ ရင်ဖွင့်ပြောဆိုထားပါတယ်။

ထို အမှုဟာ အခုစတင်ကြားနာစစ်ဆေးနေပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ စတင် အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Aoki ကတော့ သူဟာ တစ်စုံတစ်ယောက်ကို သူ့ရဲ့ ရှိုးပွဲတွေမှာ နာကျင်စေလိုခြင်းမရှိခဲ့ကြောင်းနဲ့ ရှေ့နေတွေရဲ့ အကြံပေးချက်တွေအရ တရားရုံးမှာ ကြားနာ တဲ့အချိန်ရမှ ဒီအကြောင်းတွေပြောမှာ ဖြစ်တဲ့အတွက် နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ EW သတင်းဌာနက ဖြေဆိုခဲ့ပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ