လူလယ်ခေါင်မှာ အရက်မူးခြင်းကြောင့် ၄၉၂ ကြိမ်တိုင်တိုင် အဖမ်းခံခဲ့တဲ့ အမျိုးသား
အမျိုးသားတစ်ယောက်ဟာ လူရှေ့သူရှေ့အရက်မူးပြီး ယိုင်တိယိုင်တိုင်ဖြစ်နေခြင်းကြောင့် ၄၉၂ ကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရပါတယ်။
ဘီယာ ၁ လီတာ ဗူးတစ်လုံးသောက်နေရင်း Interstate 35 အဝင်ဝ လမ်းမပေါ် ထိုင်နေခြင်းကြောင့် တိုင်ကြားခံရလို့ Robert D Brown ဆိုသူကို Tennessee, Nashville ရဲတွေက ရဲစခန်းကို ခေါ်ဆောင်ခဲ့ပါတယ်။
အများပြည်သူရှေ့ အရက်သေစာသောက်စားခြင်း ဆိုင်ရာဥပဒေကို ပုံမှန်ကျူးလွန်နေတာကြောင့် အသက် ၄၆ နှစ်ရှိ တဲ့သူဟာ ရဲစခန်း မှုခင်းဓာတ်ပုံတွေ အတန်းလိုက်ရှိနေပါတယ်။
သူနောက်ဆုံး အဖမ်းခံရခြင်းက အရက်အမူးလွန်ဖြစ်လို့ သူ့အသက်အန္တရာယ်အတွက် အဖမ်းခံရတာဖြစ်ပါတယ်။
အများပြည်သူရှေ့ အရက်မူးမူးနဲ့ Brown စွဲချက်တင်ခံပေမယ့် အဲဒီစွပ်စွဲချက်ကို ပယ်ချကာ လွတ်မြောက်သွားခဲ့တယ်လို့ ထောင်အရာရှိတွေက ဆိုပါတယ်။
အဖမ်းခံရတိုင်း မလွတ်ခင် နှစ်ညနှစ်ညစီ အချုပ်ထဲ Brown နေခဲ့ရပါတယ်။
လူတစ်ဦးတစ်ယောက်ကို အများတကာရှေ့အရက်မူးယစ်နေမှုကြောင့် ၅ နှစ် ချုပ်ထားလို့မရပါဘူး။ ဥပဒေက အဲဒါကို ခွင့်မပြုဘူး။ ဒီည သူတို့ ထောင်ထဲရောက်လာတယ်။ နောက်တစ်နေ့ တရားရုံးသွား အချိန်လာပေးပြီး ၂၄ နာရီမှ ၄၈ နာရီအတွင်း လွတ်မြောက်နိုင်တယ်လို့ Davidson County အရာရှိ Daron Hall က ပြောဆိုခဲ့ပါတယ်။
Victor - Trend Myanmar

မှတ်ချက်များ