Beyonce က သူမရဲ့ စတိုင်လ် ကိုခိုးထားပါတယ်လို့ စွပ်စွဲခဲ့တဲ့ ပေါ့ပ်စတား
မတ်လမှာတုန်းက ဆားဘီးယန်း ပေါ့ပ်စတား တစ်ယောက်က Kim Kardashian West ကို သူမရဲ့ ပုံစံကို ခိုးထားပါတယ်ဆိုပြီးစွပ်စွဲ ခဲ့ဖူးပါတယ်။
ထို အရှေ့တိုင်း ပေါ့ပ်စတား ရဲ့ အမည်ကတော့ Jelena Karleusa ဖြစ်ပြီး Kim Kardashian က ဆံပင်ကို ရွှေရောင်ဆိုးပြီး နောက်ပိုင်းမှာမှ Jelena က Instagram က တစ်ဆင့် စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
အခုတစ်ခေါက်လည်း Jelena Karleusa က ဓါတ်ပုံအတွဲ ပေါင်းမြောက်များစွာကို Instagram မှာ တင်ပြီး Beyonce က သူမရဲ့ ပုံစံကို ခိုးထားပါတယ်လို့ စွပ်စွဲလိုက်ပြန်ပါပြီ။
Karleusa က Kim Kardashian နဲ့ Beyonce တို့ သူမရဲ့ ပုံစံကို ခိုးထားတယ်လို့ အခိုင်အမာဆိုနိုင်မယ့် အခြားသော သက်သေ တစ်ချို့လည်း ရှိနေပါတယ်။ ထို သက်သေတွေက Kareleusa ကို သက်သေလိုက်ပေးနေတယ်လို့လည်း သိရပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ