မောင်တောမြို့ မှာ မီးလောင်မှုဖြစ်ပွား၊ ဆိုင်ခန်း ၂၁ ခန်းခန့် မီးလောင်ကျွမ်းခဲ့

မာင်တောတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ်။ ဓါတ်ပုံ - Zaw Shinn (FB)
ရခိုင်ပြည်နယ် မောင်တောမြို့ နယ် အရှေ့ ရပ်ကွက်မှာ မေလ ၁၂ ရက်နေ့ ည ၈း၃၀ ခန့် က စတင်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ ဆိုင်ခန်း ၂၁ ခန်းလောက် မီးလောင်ကျွမ်း ခဲ့ကြောင်း သစ်ထူးလွင် က သတင်းရရှိပါတယ်။

အရှေ့ ရပ်ကွက် မင်းဘာကြီးလမ်းနဲ့ ဘုရင်နောင်လမ်းထောင် ဆိုင်းခန်း အမှတ် (၅၃/၅၄) ကနေ ည ၈ ခွဲခန့် က စတင်လောင်းကျွမ်းတဲ့ မီးကို မီးသတ်တပ်ဖွဲ့ နဲ့ မြို့ နေ ပြည်သူများ ၀ိုင်းဝန် ငြိမ်းသတ်ခဲ့ရာ မေလ ၁၃ ရက်နေ့ နံနက် ၁ နာရီခန့် မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

အိမ်သုံးပစ္စည်း အရောင်းဆိုင် အပေါ်မှာ ခြင်ဆေးခွေ ထွန်းညှိ ထားရာကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အနီးရှိ ဆိုင်ခန်းတွေကို ကူးစက်လောင်ကျွမ်းရာမှာ လူတွေကိုတော့ ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း မောင်းတောမြို့ ခံ တွေက သစ်ထူးလွင်ကိုပြောပါတယ်။

THIT HTOO LWIN

မှတ်ချက်များ