အမေရိကန် ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ နီပေါကို ရောက်ရှိ
နီပေါနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့အရပ်က ငလျင်ဘေးဒုက္ခသည်တွေဆီကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ရာမှာ ကူညီပေးနိုင်ဖို့ အမေရိကန် မရိန်းစစ်သည် ၁၀၀ ၀န်းကျင်လောက် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ ကို ရောက်လာကြပါတယ်။
သူတို့နဲ့အတူ ရဟတ်ယာဉ် ၂ စီးနဲ့ အမေရိကန် စစ်ဘက်သုံး အခြားဝေဟင်ပျံတွေလည်း ပါဝင်လာကြပါတယ်။
နီပေါနိုင်ငံမှာ ဧပြီ ၂၅ ရက်က ပြင်းအား ၇.၈ Magnitude ရှိတဲ့ အင်အားကြီး ငလျင် လှုပ်ခတ်ခဲ့ပြီးတဲ့နောက် လူပေါင်း ၇ ၀၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၁၄ ၀၂၁ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
BBC Burmese
.jpg)
.jpg)
မှတ်ချက်များ