မိန်းမလိင်အင်္ဂါနှစ်ခုပါတဲ့ မော်ဒယ်လ် ကောင်မလေး


Cassandra Banksonဆိုသူ အမျိုးသမီးဟာ မျက်နှာမှာရှိတဲ့ အဖုအပိန့်တွေကို မိတ်ကပ်နဲ့ ဖုံးအုပ်ပြခဲ့ပြီး နာမည်ကြီးလာခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတဲ့ ဆေးပညာလေ့လာမှု တစ်ခုအဖြစ်သူမရဲ့မျိုးပွားအင်္ဂါမှာ ဖြစ်ပေါ်လာခဲ့ ပါတယ်။ အဲဒါကတော့၂၀၁၄ခုနှစ် ဇူလိုင်လမှာ သူမကိုယ်တိုင် သူမဆီမှာ မိန်းမလိင်အင်္ဂါ၂ခု ရှိနေတယ်ဆိုတာကို ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ သူမမှာ သားအိမ်၂ခုရှိတယ်လို့လည်း ဆိုပါတယ်။

နှစ်ပေါင်းများစွာ ဓမ္မတာပြင်းထန်စွာလာခြင်းနဲ့ ကျောနာတဲ့ ဝေဒနာတွေကို ခံစားခဲ့ရပြီးတဲ့ နောက် သူမဟာတစ်လကို ဓမ္မတာ၂ခါလာတာကို သိရှိခဲ့ပါတယ်။

အရင်တုန်းက သူမဟာ သူမမှာ မိန်းမလိင်အင်္ဂါ၂ခုပါနေတာကို မသိခဲ့ရတာကတော့ သူမှာ မိန်းမအင်္ဂါစပ် တစ်ခုသာပါဝင် နေလို့ပါ။

သူမဟာ အပြင်ပန်းကြည့်ရင်တော့ သာမန်ပုံစံပဲဖြစ်ပြီး မျိုးပွားအင်္ဂါ ၂ခု ရှိနေတာကတော့ ဘယ်သူမှသိမှာ မဟုတ်ပါဘူး။

တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတော့ သူမဟာ ဆေးကုသမှု ခံယူပါက သူမရဲ့ဓမ္မတာနဲ့လိင်ပိုင်းဆိုင်ရာ ဘဝတစ်ခုကို ဆုံးရှုံးသွားနိုင်တယ်လို့ သူမက ဆိုထားပါတယ်။

Mario - Trend Myanmar

မှတ်ချက်များ