ဆိုင်ကယ်နှင့် ကား တစ်စီးတိုက်မှုဖြစ်၍ နှစ်ဦးသေဆုံး ကလေးတစ်ဦး ဒဏ်ရာရ
ကောလင်းမြို့နယ် ပဒုမ္မာကျေးရွာ ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ်(၉၉)အနီး၌ မေ ၃ ရက် ည ၈ နာရီခန့်က ဆိုင်ကယ်နှင့် ကား တစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူ မိသားစုဝင်သုံးဦးအနက် ဆယ်နှစ်အရွယ်ကလေး တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကာ ၁၃ နှစ် အရွယ်ကလေးတစ်ဦး တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင့်ဇော်ဦးမောင်းနှင်ပြီး ဆိုင်ကယ် ၏နောက်တွင် သားနှင့်သမီးဖြစ်သူ မောင်စိုင်း ညီဝင်းနှင့် မဇူလိုင်မိုးတို့ လိုက်ပါစီးနင်းလာ သည့်ဆိုင်ကယ်ကို မျက်နှာချင်းဆိုင်မှလာသည့် ပါဂျဲရိုးကားတစ်စီးက ဝင်တိုက်မိကာ ယာဉ်တိုက် မှုကြောင့် ဆိုင်ကယ်မောင်းသူ မြင့်ဇော်ဦးနှင့် နောက်မှ စီးနင်းလာသူ မဇူလိုင်မိုး(၁ဝ နှစ်)တို့ သေဆုံးခဲ့ပြီး မောင်စိုင်းညီဝင်း(၁၃ နှစ်)မှာ (စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပြီးနောက် ကသာရဲကင်းမှူး ရဲအုပ် သန်းဇော်နှင့်အဖွဲ့က သွားရောက်စစ်ဆေး ခဲ့ရာ ပါဂျဲရိုးကားကို မောင်းနှင်သူမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့် အရေးယူရန် ကောလင်း မြို့မရဲစခန်း၌ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
ဦးရဲ(ကသာ) - Myanmaalinn

မှတ်ချက်များ