ကေအိုင်အိုနဲ့ ကွင်းဆင်းလေ့လာ ဖို့ အစိုးရတပ်မတော် ကတိပျက်ကွက်

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေး အလုပ်အဖွဲ့ရုံးမှာ ဧပြီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ အစည်းအဝေးမှာ အစိုးရ နဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ် တွေကို တွေ့ရစဉ်။
 Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် တနိုင်းနဲ့ ဖားကန့်မြို့နယ်က တိုက်ပွဲဖြစ် ပွားတဲ့နေရာတွေကို အစိုးရနဲ့ ကေအိုင်အို ကိုယ်စား လှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က ကွင်းဆင်းလေ့လာဖို့ သဘောတူခဲ့ပေမယ့် အစိုးရ တပ်မတော်ဘက်က မလိုက်နိုင်တော့ကြောင်း မနေ့က အကြောင်းကြားထားတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားရာနေရာတွေကို တပ်ကိုယ်စားလှယ်တွေ မလိုက်နိုင်တော့တာကြောင့် ကွင်းဆင်းလေ့လာမယ့် အစီအစဉ် ပျက်သွားတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ က ပြောပါတယ်။

ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ အစိုးရနဲ့ကေအိုင်အို တပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အဲဒီ့တိုက်ပွဲတွေကြောင့် နှစ်ဘက်ကိုယ်စားလှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က အရေးပေါ်အစည်းအဝေးကျင်းပပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေကို သွားရောက်လေ့လာဖို့ ကတိပြုသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese

မှတ်ချက်များ