![]() |
| အပူလွန်ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွား |
အဆိုပါ ဆိုင်မှတစ်ဆင့် အခန်းချင်းကပ်လျက်ရှိသော အသားကင်များ ရောင်းချသည့် ဆိုင်နှင့် VCD/DVD အခွေငှားရောင်းသည့် ဆိုင်များသို့လည်း ကူးစက်လောင် ကျွမ်းသွားခဲ့သည်။
မီးလောင်မှုစတင်ဖြစ်ပွားစဉ် အနီးအနားရှိ ပြည်သူများက ဦးစွာ ငြှိမ်းသတ် ကူညီကြပြီးနောက် မြို့နယ်မီးသတ်တပ်ဖွဲ့သို့လည်း ချက်ချင်းဖုန်းဆက်သတင်းပေး ခဲ့သည်ဟု ရပ်ကွက်နေရပ်မိရပ်ဖတစ်ဦးက ပြောသည်။
ကျိုင်းတုံမီးသတ် တပ်ဖွဲ့မှလည်း သတင်းရလျှင်ရချင်းမီးငြှိမ်းသတ်ယာဉ်ငါးစီး သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၃၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ဝ တို့ဖြင့် အမြန်ဆုံးလာရောက် မီးငြှိမ်းသတ်ခဲ့သဖြင့် ည ၁ဝ နာရီကျော်တွင် မီးငြိမ်းသွားသည်။
မီးလောင်မှုကို ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ကြည်မင်းဦး - Myanmaalinn
.jpg)
မှတ်ချက်များ