![]() |
| တကယ် ဆူနာမီ ဖြစ်လာ မယ် ဆိုရင် မြန်မာ ကမ်းရိုးတန်း ဒေသ အတွက် ပြင်ဆင်ချိန် နာရီ ဝက် ကနေ ၁ နာရီ လောက်ထိ ရနိုင်။ |
ဒီလို ထွက် လာ အပြီးမှာ တော့၊ အဲဒီ့ မီးတောင် ပေါက်ကွဲ မှာလား၊ ပေါက်ကွဲ ခဲ့ရင် နောက် ဆက် တွဲ အနေနဲ့ ပင်လယ် ရေအောက် ငလျင် လှုတ် ခတ် ပြီး ဆူနာမီ လှိုင်း ကြီးတွေ ဖြစ် လာမှာ လား စတဲ့ မြန်မာ ကမ်းရိုးတန်း တွေ အတွက် စိုးရိမ် မှု တွေ ဖြစ်ပေါ် လာစေ ပါတယ်။
အိန္ဒိယ ပိုင် ကပ္ပလီ ပင်လယ်ပြင် မှာ တည်ရှိ တဲ့ ဘရင်ကျွန်း မီးတောင် ကြောင့် တကယ်ပဲ ဆူနာမီ ဖြစ်လာ မယ် ဆိုရင် မြန်မာ ကမ်းရိုးတန်း ဒေသ အတွက် ပြင်ဆင်ချိန် နာရီ ဝက် ကနေ ၁ နာရီ လောက်ထိ ရတယ် လို့ မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ဒုဥက္ကဌ ဦးစိုးသူရထွန်း က ပြောပါတယ်။
အိန္ဒိယ နိုင်ငံ အစိုးရ အနေနဲ့ ဘာရင်ကျွန်း မီးတောင် လှုပ်ရှား နေမှု နဲ့ ပတ်သက်ပြီး အထူး သတ်ပေးချက် တစုံတရာ ထုတ်ပြန် ထားတာ ရှိမရှိတော့ မသိရဘူး လို့ ဦးစိုးသူရထွန်း က ဆိုပါတယ်။
မီးတောင် ဘယ်အချိန် ပေါက်ကွဲ မလဲ ဆိုတာ အတိတကျ မပြောနိုင် ပေမယ့် ကြိုတင် သတိ ထား နေနိုင် အောင် စောင့်ကြည့် နေသင့်တယ် လို့လည်း ဦးစိုးသူရထွန်း က ပြောပါတယ်။
ပြာတွေမှုတ်ထုတ်နေတဲ့ ဘာရင်ကျွန်းမီးတောင် ပေါက်ခဲ့ရင် နောက်ဆက်တွဲ ငလျင် နဲ့ ဆူနာမီ လှိုင်းတွေ ဖြစ်လာမလား ဆိုတဲ့ စိုးရိမ်မှုတွေ ရှိ။
BBC Burmese

မှတ်ချက်များ