ဆေးမင်ကြောင် ၀ါသနာပါသူ ထောင်ပေါင်းများစွာဟာ လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ ဆေးမင်ကြောင်ပြပွဲကို စိတ်ဝင်တစား လာရောက် ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ လန်ဒန်မြို့၊ အလက်ဇန်ဒါ ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆေးမင်ကြောင်ထိုး ပေးတဲ့ ပညာရှင်တွေ၊ ဆေးမင်ကြောင်ကို စိတ်ဝင်စားသူတွေ ဆုံစည်းတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲတော်ကို လာရောက် သူတွေ စိတ်ဝင်စားမှုရှိစေဖို့ ထူးခြားတဲ့ ဆေးမင် ကြောင်တွေကိုပြသခဲ့ပါတယ်။
ဒါ့အပြင် ဆေးမင်ကြောင် ၀ါသနာပါသူ တွေဟာ သူ တို့နှစ်သက်တဲ့ ဒီဇိုင်းတွေကို တစ်နေရာတည်း မှာချက်ချင်းထိုးခဲ့ ကြပါတယ်။ဆေးမင်ကြောင် တွေ အများအဟြးထိုးထားတဲ့ အမျိုးသမီး တွေကလည်း စတိတ်စင်တွေပေါ်ကနေ ဆေးမင်ကြောင်တွေကိုပြသခဲ့ပါတယ်။ အချို့ တွေဟာ အံ့အားသင့်ဖွယ် ကောင်းအောင် ကိုယ်ခန္ဓာ တစ်ခုလုံး ဆေးမင်ကြောင် ထိုး နှံမှုတွေပြုလုပ်ထားတာတွေ့ခဲ့ရပါတယ်။
ဒီပြပွဲဟာ မနှစ်က ပြပွဲထက် ပိုစိတ်ဝင်စားခံခဲ့ ရပြီး၊ လူဝင်ရောက်မှုလည်း ပိုများကြောင်း ပြပွဲစီစဉ်သူ ရှယ်လီဘွန်းက ဟြေကြားခဲ့ပါ တယ်။ ပြပွဲကို နှစ်ရက်ကြာ ကျင်းပ သွားမှာ ဖြစ်ပြီး ဆေးမင်ကြောင် ၀ါသနာရှင်တွေ နှစ် သက်အောင် ဖန်တီးပေးထားတယ်လို့ သိရ ပါတယ်။
အေသင်အောင် - Messenger News Journal
အေသင်အောင် - Messenger News Journal





မှတ်ချက်များ