ဆယ်လ်ဖီ အရိုက်ကောင်းလို့ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် ပစ်မိခဲ့သူ


ရုရှား အမျိုးသမီး တစ်ဦးသည် ဦးခေါင်းတွင် ပစ္စတိုဖြင့်ထောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖုန်းဖြင့် ဓာတ်ပုံရိုက်ရန် ကြိုးစားစဉ် မတော်တဆ သေနတ်ဖြင့် တကယ်ပစ်မိခြင်း ဖြစ်ခဲ့ ရကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။

အသက် (၂၁) နှစ်အရွယ်ရှိ ထိုအမျိုးသမီးမှာ မော်စကိုရှိ ၎င်း၏ ရုံးခန်းတွင် လုံခြုံရေး တစ်ဦး ကျန်ခဲ့သော သေနတ်ကို တွေ့ရာ Selfie ရိုက်ရန် ကြံစည်ခဲ့ပြီး ခလုတ်ကို မတော်တဆ ဆွဲမိရာ ကျည်ထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ပစ်သတ်မိရန် အနည်းငယ်သာ လိုတော့သည့် အခြေအနေ ရောက်သွားခဲ့ သည်။

ရဲတပ်Zgj H က ထိုဖြစ်စဉ်မှာ ကြာသပတေးနေ့က ဖြစ်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးမှာ ထိုသို့ ကိုယ့်ကိုယ်ကိုယ်ပစ်မိ သလို ဖြစ်ပြီး ဒဏ်ရာ ရခဲ့၍ ဆေးရုံတင် ကုသခဲ့ရ ကြောင်း အတည်ပြုသည်။ အမျိုးသမီးမှာ အခြေအနေ စိုးရိမ်ရပြီး မော်စကိုရှိ စကလစ် ဖိုဆော့ဗ်စကီး ဆေးရုံတွင် တင်ထားရ ကြောင်း ဆိုသည်။

လင်းပ - Messenger News Journal

မှတ်ချက်များ