အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ပြည်နယ်များတွင် အပူလှိုင်းဖြတ်ရာ အနည်းဆုံးလူ ၄၀၀ ခန့်သေဆုံး
အိန္ဒိယနိုင်ငံ တောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်နှင့် တယ်လန်ဂါနာ ပြည်နယ် တို့တွင် အပူလှိုင်း ဖြတ်သန်း မှုကြောင့် အနည်းဆုံး ဒေသခံ ၄ဝဝ ခန့် သေဆုံးခဲ့ကြောင်း Press TV သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ ဒေသအတွင်း၌ အပူလှိုင်း ဖြတ်သန်းမှုသည် လွန်ခဲ့သည့် ရက်များ အတွင်းက စတင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး အပူချိန် လွန်ကဲမှုကြောင့် အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင် လူပေါင်း ၂ဝဝ ခန့် သေဆုံးပြီး တယ်လန်ဂါနာ ပြည်နယ် အတွင်း၌လည်း လူပေါင်း ၂ဝဝ ခန့် သေဆုံးခဲ့ ရကြောင်း Xinhua သတင်းဌာန ၏ ဖော်ပြချက် များအရ သိရသည်။ ယခုအခါ ဒေသတွင်းရှိ အစိုးရအဖွဲ့ များသည် ပြည်သူများအား အကူအညီများ ပေးအပ်နိုင်ရေး အတွက် လုပ်ဆောင်လျက် ရှိသည်။
မိုးလေဝသဌာန၏ ထုတ်ပြန်ချက်များ အရ အိန္ဒိယနိုင်ငံ အတွင်းရှိ အခြားဒေသ များတွင်လည်း ဆက်လက် အပူချိန် မြင့်မားနိုင်ဖွယ် ရှိကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ