ဝေရောစန ကျောက်စိမ်းစေတီတော် ထီးတော်တင်လှူပွဲ ဇွန် ၅ရက်တွင် ကျင်းပမည်


မန္တလေးမြို့ အမ ရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာ စစ်ကိုင်း-မြစ်ငယ် ဖြတ်လမ်းဘေး တွင် တည်ထားလျက်ရှိသည့် ကမ္ဘာ့ ပထမဦးဆုံး ဝေရောစနကျောက်စိမ်း စေတီတော်မြတ်ကြီး၏ စိန်ဖူးတော် နှင့်ထီးတော်တင်မင်္ဂလာအခမ်းအ နားကို လာမည့်ဇွန် ၅ရက်တွင် စည် ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့်စေတီတော်အ ထက်ဌာပနာပိတ်ပွဲကိုပါ ကျင်းပသွား မည်ဖြစ်ရာ ဌာပနာအတွက် လှူဒါန်း ထားသော အလှူရှင်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ထည့်သွင်းပူဇော် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း၊ ထီးတော် တင် မင်္ဂလာအခမ်းအနား အထိမ်း အမှတ်အဖြစ် ခြင်းအလှခတ်ပွဲများ၊ မြင်းပြိုင်ပွဲ၊ နွားအလှပြိုင်ပွဲ၊ နွားလှည်း အကြော့မောင်းပြိုင်ပွဲ၊ နွားလှည်းဒုန်း မောင်းပြိုင်ပွဲတို့ကို မေ ၂၃ရက်မှဇွန် ၅ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆု များကို ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရ သည်။

''ထီးတော်တင်မင်္ဂလာကို လာ ရောက်ကြမယ့် ရပ်ဝေးရပ်နီးက ဘု ရားဖူးပြည်သူတွေကို မန္တလေးမြို့ ဂုဏ်ဆောင်မြို့မအပျော်တမ်းတူရိယာအဖွဲ့နဲ့အတူ ဇာတ်သဘင်တွေနဲ့ ဇွန် ၅ရက်ကနေ ၁၁ရက်အထိ ည စဉ်ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ စတုဒိသာအဖြစ် ထမင်းကျွေးမွေး ဖို့စီစဉ်ထားပြီး ကျောက်မျက်အနု ပညာပြခန်းတွေကိုလဲ အများပြည် သူလေ့လာနိုင်ဖို့ ဖွင့်လှစ်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီကျောက်စိမ်းစေတီ တော်မြတ်ကြီးဟာ ကျောက်စိမ်းမြန် မာမှုအနုပညာလက်ရာတွေနဲ့ထည့် သွင်းတည်ဆောက်ထားတဲ့ စေတီ တော်ကြီးဖြစ်သလို ကမ္ဘာ့ဂင်းနက်စ် မှတ်တမ်းဝင်နိုင်ဖို့အထိ ရည်ရွယ်ထား ပါတယ်။ စေတီတော်အနီးမှာပဲ မန္တ လေးတိုင်းဒေသကြီး အစိုးရအဖွဲ့က နေ အကောင်အထည်ဖော်နေတဲ့ အ ဆင့်မြင့်ကျောက်မျက်ဈေး(မန္တလေး) လဲ တည်ရှိတာကြောင့် မကြာမီမှာ စည်ကားတဲ့နေရာတစ်ခုဖြစ်တော့ မှာ ဖြစ်ပါတယ်''ဟု ပွဲတော်ကျင်းပ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

စေတီတော်ကြီးကို ၂ဝ၁၂ခုနှစ် ကုန်ပိုင်းမှစတင်ပန္နက်ချတည်ထား ခဲ့ခြင်းဖြစ်ပြီး စေတီတော်တွင် နှစ် လက်မပတ်လည် အရွယ်အစားရှိ ကျောက်စိမ်းဆင်းတုတော်ပေါင်း သုံးသောင်းကို ကပ်လှူပူဇော်ထား ကြောင်း၊ ဉာဏ်တော်အမြင့်မှာ ၇၅ ပေ ၆ လက်မရှိ၍ ငလျင်ဒဏ်နှင့် လေဒဏ်များကို ခံနိုင်ရည်ရှိစေရန် ကမ္ဘာ့နောက်ဆုံးပေါ် တည်ဆောက် ရေးစနစ်ဖြစ်သည့် ဘိုးပိုင်စနစ်နှင့် အတူ သံကူကွန်ကရစ်၊ အဆင့်မြင့် သံမဏိစတီးများနှင့် အမာခံရယူ တည်ထားခြင်းဖြစ်ကြောင်း၊ တည် ထားမှုစရိတ်မှာ ကျောက်စိမ်း တန် ဖိုးများ မပါဝင်ဘဲ ငွေကျပ်သိန်း ပေါင်းငါးသောင်းကျော် ရှိကြောင်း သိရသည်။

KSA - ဒီမိုကရေစီတူဒေး

မှတ်ချက်များ