ကရင်ပြည်နယ် မြိုင်ကြီးငူသို့ တစ်ရက်ခရီးစဉ် တိုးချဲ့ပြေးဆွဲ


ပြည်တွင်းခရီးသွားလုပ် ငန်းအချို့သည် ကရင်ပြည်နယ် သို့ တစ်ရက်ခရီးစဉ် နေရာသစ် အဖြစ် ကရင်ပြည်နယ် မြိုင်ကြီးငူ မြို့ရှိ ကျုံထော်ရေတံခွန်ကို အခြေ ပြုပြေးဆွဲလာကြောင်းခရီးသွားလုပ်ငန်းအချို့မှ သတင်းရရှိသည်။

‘‘အရင်က အဲဒီဘက်တွေက နယ်မြေ မငြိမ်းချမ်းဘူး။ လမ်း လည်း သိပ်မကောင်းဘူးလေ။ ခု တော့ လမ်းလည်းကောင်းပြီး နယ် မြေလည်း အေးချမ်းလာပြီ။ အဲဒီ ရေတံခွန်က အမြဲတမ်းရေရှိနေ တာ။ ပြီးတော့ အဲဒီဘက်ကို ပြန် ဆွဲပေးဖြစ်တာက နယ်မြေအသစ် လည်း ဖြစ်တယ်။ ပြီးတော့ ခရီး လမ်းပန်း အခြေအနေလည်း ကောင်းလာတယ်။ နောက်ပိုင်း တစ်ရက် ခရီးသွားကြတဲ့ ခရီးသည်တွေက ရေတံခွန်တွေ၊ စမ်းချောင်းတွေပါတဲ့ ခရီးစဉ်တွေကို အရမ်းကြိုက်ကြတယ်’’ဟု Tour Dia-mond Travel and Tour ဧည့်လမ်းညွှန် ခေါင်းဆောင် မနန်းမြတ်သန္တာလင်းက ပြောသည်။

အဆိုပါ ခရီးစဉ်တွင် ဘားအံမြို့ပေါ်ရှိ ရွှေယဉ်မျှော်စေတီ၊ ကျုံ ထော်ရေတံခွန်၊ ကော့ကွန်းဂူ၊ ကျောက်ကလပ် စေတီတော်အစ ရှိသည့် နေရာများပါဝင်ပြီး ခရီး စရိတ်ကျပ်သုံးသောင်းခွဲခန့် ကျသင့်မည်ဟု ဆိုသည်။

ကရင်ပြည်နယ် အောက်ပိုင်းရှိ နယ်မြေများသည် တစ်ရက်ခရီး စဉ်များအနက် လူသွားအများဆုံးဖြစ်ကာ မပျက်စီးသေးသော သဘာဝအလှအပများ ကျန်ရှိနေ သေး၍ ခရီးသွားများကလည်း နှစ်ခြိုက်ကြပြီး ဤကဲ့သို့သော နေရာသစ်များကို ခရီးသွားများ သ

ဘောကျစေရန် တိုးချဲ့ပြေးဆွဲလာကြောင်း Tango Travel & Tour မှ မန်နေဂျင်း ဒါရိုက်တာ မခေါင်ခေါင်က ပြောသည်။

‘‘ဒီလိုမျိုး တောတောင် သဘာဝဘက် ခရီးစဉ်တွေကို လွန် ခဲ့တဲ့ တစ်နှစ်ဝန်းကျင်လောက်က စပြီး ပြည်တွင်းခရီးသွားလုပ်ငန်း အတော်များများက အပြိုင်အဆိုင် ပြေးဆွဲလာကြတယ်။ ခရီးသွား တွေအနေနဲ့က အပန်းဖြေခရီးစဉ် ဆိုရင် အရင်က ပင်လယ်ကမ်းခြေလောက်ပဲ သွားတတ်ပြီး အခု တော့ ဒီလိုမျိုးခရီးစဉ်တွေ ဆွဲပေး လာတယ်ဆိုတော့ ကြာချိန်ရော ကုန်ကျစရိတ်ပါ တော်တော်များ များ အဆင်ပြေနိုင်တဲ့ ပမာဏ ဖြစ်နေတော့ လူသွားများလာတာ ပါ။ အထူးသဖြင့် ကရင်ပြည်နယ် ဘက်တွေဆို သဘာဝအတိုင်း ရှိ နေသေးတဲ့ နေရာတွေ အများကြီး ကျန်နေသေးတယ်’’ဟု အင်္ဂလိပ် ဘာသာဧည့်လမ်းညွှန် ကိုမျိုးမင်း ထက်က ပြောသည်။

မြန်မာနိုင်ငံတွင် သဘာဝ အခြေပြုခရီးသွားခြင်းသည် လွန် ခဲ့သည့် တစ်နှစ်ခန့်မှ စတင်တွင်ကျယ်လာပြီး ဟိုတယ်နှင့် ခရီးသွားရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ကလည်း သဘာဝအခြေပြုခရီး သွားလုပ်ငန်းမူဝါဒနှင့် ပတ်သက် ၍ ရေးဆွဲထားသော မူကြမ်းကို မေလ တတိယပတ်အတွင်း နေပြည်တော်၌ ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ကွန်ဖရင့်တွင် တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ဖြူဖွေးသန့် - 7day daily

မှတ်ချက်များ