အနာဂတ်ကလေးငယ်များရဲ့ မြင်ကွင်း





ခုမြင်နေရတာ ခင်ဗျားတို့ရုပ်ရှင်ကြည့်ကြည့်ပြီးသနားနေကြတဲ့ အာဖရိက နိုင်ငံတွေက ကလေးတွေမဟုတ်ဘူး

ခင်ဗျားတို့လက်တစ်ကမ်း မှာရှိတဲ့ မြန်မာပြည်တွင်း မြို့ကြီးပြကြီးတွေကမြင်ကွင်းတွေပဲ ....

လူဆိုတာကလည်း ဟိုးခပ်ဝေးဝေးတွေကိုငေးရင်း ကိုယ့် ခြေဖဝါးအောက်က ပန်းပွင့်တွေကိုနင်းလျောက်တတ်တာမျိုးမဟုတ်လား

ကလေးဆိုတာနိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ဆိုရင် ... အခုမြင်ရတာတွေဟာ ကျွန်တေယ်တို့နိုင်ငံအနာဂတ်ရဲ့ ၆၀ ရာခိုင်နှုန်းပဲ

မြန်မာပြည်ရဲ့ အနာဂတ်ဟာ လမ်းဘေးမှာအိပ်နေတယ်
မြန်မာပြည်ကြီးရဲ့အနာဂတ်ဟာဖိနပ်မပါဘူး
မြန်မာပြည်ကြီးရဲ့အနာဂတ်ဟာ မကျန်းမာကြဘူး
မြန်မာပြည်ကြီးရဲ့အနာဂတ်ဟာ သူတောင်းစားဘဝရောက်နေတယ်

ထိုင်မနေနဲ့ ... ပြောင်းလဲဖို့ကြိုးစား
ခေါင်းဆောင်ပြောင်းမှ စနစ်ပြောင်းမယ်.... စနစ်ပြောင်းမှ လူတွေစောက်ကျင့်ပြောင်းမယ် .... လူတွေစောက်ကျင့်ပြောင်းမှတိုင်းပြည်အနာဂတ်လည်းပြောင်းမယ်.....

ပြောင်းလဲဖို့လုပ်ကြ ပြောင်းလဲပြစ် ဖို့အချိန်တန်နေပြီ
အချိန်မရှိတော့ဘူး

နိုင်ငံရေးကငါတို့နဲ့မဆိုင်ပါဘူးလုပ်နေရင်
တစ်နေ့နိုင်ငံရေးက ငါတို့ကို ဆိုင်လာလိမ့်မယ်
အဲ့ကျမှ ငိုကြီးချက်မ မလုပ်နဲ့

လင်းလွန်းညို

မှတ်ချက်များ