တရုတ်နိုင်ငံ ဟော့ပေါ့စားသောက်ဆိုင်တစ်ဆိုင်တွင် စကတ်အတိုဆုံးဝတ်နိုင်သူ အမျိုးသမီးများအား ဈေးလျှော့ပေး


တရုတ်နိုင်ငံ ရှန်ဒွန်းပြည်နယ် ရှိ ဟော့ပေါ့ဆိုင်တစ်ဆိုင်တွင် စကတ် သို့မဟုတ် အဝတ်အစားအတိုဆုံးဝတ် လာသော အမျိုးသမီးများအား အစား အသောက်များကို ဈေးလျှော့ပေးမည် ဖြစ်ကြောင်းကြေညာခဲ့သည်ဟု The Straits Times သတင်းအရ သိရသည်။

အမျိုးသမီး စားသုံးသူများကို ဆွဲဆောင်ရန် ဖန်တီးထားသော ထို စားသောက်ဆိုင်တွင် စကတ်အတို ဆုံးဝတ်လာသော အမျိုးသမီးများ အား ၂ဝ နှင့် ၉ဝ ရာခိုင်နှုန်းကြားအ ထိ ဈေးလျှော့ပေးမည်ဖြစ်သည်။
.
ဒူးခေါင်းအပေါ်ပိုင်း ၈ စင်တီ မီတာတိုသော အဝတ်အစားဝတ် လာသော စားသုံးသူအမျိုးသမီးများ ကို ၂ဝ ရာခိုင်နှုန်း ဈေးလျှော့ပေး မည်ဖြစ်ပြီး ဒူးခေါင်းအပေါ်ပိုင်း ၃၃စင်တီမီတာတိုသော အဝတ်အ စားဝတ်လာသော အမျိုးသမီးစား သုံးသူများကို အထူးဈေးလျှော့ပေး မည်ဖြစ်သည်။ အမျိုးသမီးစားသုံး သူများသည် ¤င်းတို့၏ အဝတ်အစား အရှည်ကို ဝန်ထမ်းများအား တိုင်း တာခွင့်ပြုရမည်ဖြစ်သည်။

ထိုကဲ့သို့ ထွင်လုံးများသည် တရုတ်နိုင်ငံတွင် အသစ်အဆန်း တော့ မဟုတ်ပေ။ ယခုနှစ်အစော ပိုင်းကလည်း တခြားသော ဟော့ပေါ့ စားသောက်ဆိုင်တစ်ဆိုင်တွင် ရုပ် ရည်ချောမောသူကို အခမဲ့စားသုံး ခွင့်ပြုခဲ့သည်ဟု သိရသည်။

Zhengzhou ဟော့ပေါ့ဆိုင် တွင် စားသုံးသူများ၏မျက်နှာကှိုခညျေ ဖတ်နိုင်သော ကွန်ပျူတာရှိ သည်။ ထို့နောက် ပြည်တွင်းမျက်နှာ ခွဲစိတ်ဆေးရုံမှ အလုပ်သမားအဖွဲ့ က ရုပ်ရည်ချောမောသူများကို မိနစ် သုံးဆယ်တိုင်းတွင် ငါးဦးရွေးချယ်ခဲ့ သည်။

Democracytoday‬

မှတ်ချက်များ